၂၂ ဩဂုတ် ၂၀၂၃

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဒွန်မောင်းလေဆိပ်သို့ အင်္ဂါနေ့ (ယနေ့ ဩဂုတ် ၂၂ ရက်နေ့) မနက်မှာပြန်လည်ရောက်ရှိလာပါတယ်။

သက်ဆင်ဟာ သူ့သမီး ပေထုန်တန်ရှင်နာဝပ်လိုက်ပါလျက် ကိုယ်ပိုင်ဂျက်လေဆိပ်ခန်းမမှာရှိတဲ့  ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားတို့ရဲ့ ပုံကြီးရှေ့မှာ အရိုအသေပြုကန်တော့ပါတယ်။

သူ့ကို ထိုင်းနိုင်ငံရဲ့ တရားရုံးချုပ် ရာဇဝတ်မှုခင်းဌာနသို့ ခေါ်ဆောင်မသွားခင် ဆွေမျိုးတွေ မီဒီယာတွေနှင့် ၁၀ မိနစ်တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ အဲဒီတရားရုံးမှာ သူ့အပေါ်စွဲဆိုထားတဲ့ပြစ်မှုတွေကို ကြားနာမှာဖြစ်ပါတယ်။

သက်ဆင်ကို အဲဒီကနေ ဘန်ကောက်မြို့ ချက်တူချက်ခရိုင်က ရမန်အကျဉ်းထောင်ကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

ယခုအသက် ၇၄နှစ်ရှိပြီဖြစ်တဲ့သက်ဆင်ဟာ သူ့ကိုစွဲဆိုထားတဲ့ အဂတိအမှုလေးမှုနှင့် ထောင်ဒဏ်၁၀နှစ်အထိကျခံရမှာကို ရှောင်တိမ်းတဲ့အနေနှင့် ၂၀၀၈ခုနှစ်မှာ ထိုင်းနိုင်ငံက ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

Source: Nation