Published_ 22 August 2023

သာမန်အတိုင်း အာလုတ်ကျင်းခြင်းဖြင့် လူတစ်ယောက်မှာ နှလုံးရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်ကြောင်း လေ့လာချက်တစ်ခုကို Frontiers in Oral Health မှာ ဖော်ပြခဲ့ပါတယ်။

ခံတွင်းကျန်းမာရေးနဲ့ နှလုံးသွေးကြောရောဂါတို့ကြား ဆက်စပ်မှုများကို စတင်မြင်တွေ့လာရတယ်လို့ အွန်တယ်ရီယိုညအနောက်ပိုင်းတက္ကသိုလ်မှာ သွားနဲ့ခံတွင်းပညာရပ်ကို လေ့လာနေတဲ့ ကာယွန်ဟောင်က ပြောကြားခဲ့ပါတယ်။

သွားဖုံးရောင်ရမ်းခြင်းကနေ သွားဖုံးရောဂါဖြစ်လာနိုင်ကာ နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ပြီး တံတွေးနမူနာဖြင့်ပင် နှလုံးရောဂါအစောပိုင်း လက္ခဏာများကို တွေ့ရှိနိုင်မယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်ထားကြပါတယ်။

နှလုံးသွေးကြောရောဂါများ ရှာဖွေဖို့ သာမန်အာလုတ်ကျင်းခြင်းဖြင့်ပင် သွေးဖြူဥပမာဏကို တွေ့နိုင်ပါတယ်။

သုတေသီများက အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြား ဆေးလိပ်မသောက်သူများကို လေ့လာခဲ့ပါတယ်။

ပါဝင်စမ်းသပ်ခံသူတွေကို စမ်းသပ်ခန်းသို့မလာမီ ၆ နာရီကြာအောင် အစာမစားခိုင်းဘဲ ရေဖြင့် ပါးစပ်ကိုဆေးခိုင်းခဲ့ပါတယ်။

ဒီနောက် နှလုံး၊ သွေးဖိအား၊ သွေးကြောချဲ့ထွင်ခြင်း၊ သွေးကြောတောင့်တင်းမှု စတာတွေကို တိုင်းတာစစ်ဆေးခဲ့ကြပါတယ်။

ထိုအခါမှာ သွေးဖြူဥများခြင်းက သွေးကြောကျန်းမာရေးမကောင်းတာကို ညွှန်ပြနေပါတယ်။

သွေးဖြူဥများခြင်းက သွေးကြောကျဉ်းခြင်းအပေါ် များစွာ သက်ရောက်နေကြောင်း ကလိဗ်လန်းဆေးခန်းက ဆိုပါတယ်။

ခံတွင်းသန့်စင်ခြင်းကို ဆေးခန်းမှာ နှစ်စဉ်ပုံမှန်ပြုလုပ်သင့်ကြောင်း တိုရွန်တိုတက္ကသိုလ်မှ ဒေါက်တာ'မိုက်ကယ်ဂလိုဂါ'က ပြောကြားခဲ့ပါတယ်။

ခံတွင်းရောဂါ အမျိုးမျိုးရှိသူတွေမှာ နှလုံးသွေးကြောရောဂါပေါ် သက်ရောက်နေပုံများကို ပိုမိုနားလည်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောပြသွားပါတယ်။
Source: New York Post
#World_Health
#YMG #Yangon_Times