အမေရိကန်ရဲ့ ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးတွေဟာ တရားလည်းမဝင်၊ အခြေခံဥပဒေနှင့်လည်းမညီညွတ်တဲ့ ဆင်ဆာဖြတ်တောက်မှုကို အတင်းအကျပ် ပြုသူတွေဖြစ်လာကြပြီလို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ အမေရိကန်ရဲ့ ထိပ်တန်းနည်းပညာနှင့် ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်၊ တွစ်တာ နှင့် ဂူးဂဲလ်နှင့် ယင်းတို့ရဲ့ စီအီးအိုတွေကို တရားစွဲဆိုကြောင်း ဒေါ်နယ်ထရမ့်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ အဲသလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။