Published 9 July 2021
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စက်ရုံတစ်ရုံမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့အတွက် အနည်းဆုံးလူသုံးဦး သေဆုံးခဲ့ပြီး လူ၂၀ဒဏ်ရာရရှိခဲ့ကာ တော်တော်များများ ပိတ်မိနေတယ်လို့ အရာရှိတွေကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာကနေ ၁၂မိုင်ကွာဝေးတဲ့ နာရေးရန်ဂန်မှာ ကြာသပတေးနေ့ညက အချိုရည်စက်ရုံ မီးလောင်ခဲ့တာဖြစ်ပါတယ်။ အထပ်များစွာရှိတဲ့ အဲဒီစက်ရုံမှာ မြေကြီးထပ်က စတင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ “ အလုပ်မား ဘယ်နှစ်ယောက်ပိတ်မိနေသလဲ ရှင်းရှင်းလင်းလင်းမသိရသေးဘူး။ ကျွန်တော်တို့ အချက်အလက်တွေ စုဆောင်နေပါတယ်” လို့ နာရာရန်ဂန်ဒိစတြိတ်အုပ်ချုပ်ရေးမှူး မူစတိန် ဘီလားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ မီးလောင်တဲ့နေရာမှာ နှစ်ဦးပွဲချင်းပြီး သေဆုံးပြီး နောက်တစ်ဦး ကတော့ ဆေးရုံမှာသေဆုံးတယ်။ လူ၂၀ဒဏ်ရာရထားတယ်လို့ သူကဖြည့်စွက်ပြောပါတယ်။ ဒဏ်ရာရသူတွေအကုန်လုံးက နှစ်ထပ်၊ သုံးထပ်ကနေ အောက်ကိုခုန်ချကြလို့ ဖြစ်တယ်လို့ မီးသတ်ဌာန အရာရှိ ရှားအလမ်းကပြောပါတယ်။ စက်ရုံတော်တော်များများက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရားမဝင်ဖွင့်လှစ်ပြီး မီးဘေးလုံခြုံရေး အစီအမံလည်း ကောင်းကောင်းမွန်မွန်မရှိကြလို့ ဒီလို အဖြစ် အပျက်မျိုးဟာ ပုံမှန်လိုဖြစ်နေကျပဲ ဖြစ်ပါတယ်လို့ သတင်းက ရေးသားထားပါတယ်။
 
Ref: Reuters