ပန်ဒါဝက်ဝံရိုင်းကလေးတွေနှင့် အခြားရှားပါးတောရိုင်းတိရစ္ဆာန်တွေဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ဆီချွင်ပြည်နယ်မှာရှိတဲ့ သဘာဝဘေးမဲ့တောမှာ သဘာဝ အလျောက်မြူးတူးပျော်ရွှင်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဆီချွင်ပြည်နယ်မှာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေပြီး လူသား၊သဘာဝနှင့် တိရိစ္ဆာန်တွေအကြား အတူယှဉ်တွဲမျှတစွာနေထိုင်ကြတဲ့ ဂေဟစနစ်ကို တည်ထောင်ပေးနေတာလည်းဖြစ်ပါတယ်။