Published 7 July 2021

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဖေ့စ်ဘုတ်၊ တွစ်တာနှင့် ဂူးဂဲလ်ကုမ္ပဏီတွေနှင့် ယင်းတို့ရဲ့ စီအီးအိုတွေဖြစ်ကြတဲ့ မာ့ခ်ဇူကာဘတ်၊ ဂျက်ဒေါဆေးနှင့် ဆန်ဒါပီချိုင်းတို့ကို ယနေ့ ဇူလိုင်(၇)ရက်နေ့မှာ class actionအဆင့်နှင့် တရားစွဲလိုက်ပါတယ်။ class action ဆိုတာ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူအများရဲ့ ကိုယ်စားတစ်ဦးက တရားစွဲဆိုတာကို ခေါ်ဆိုတာပါ။ ထရမ့်ဟာ တွစ်တာ၊ ဖေ့စ်ဘုတ်ခ်တို့နှင့် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆင်ဆာဖြတ်တောက်မှုတွေအပေါ် နှစ်ရှည်တိုက်ပွဲတွေဖြစ်ပြီးနောက် ဒါဟာ နောက်ဆုံးပိုပြီးပြင်းထန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဇူလိုင်(၇)ရက် ဗုဒ္ဓဟူးနေ့ ၁၁နာရီမှာ ထရမ့်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အခုလိုကြေညာလိုက် တာဖြစ်ပါတယ်။ သူဟာ ဖလော်ရီဒါတောင်ပိုင်း ဒိစတြိတ်မှာ တရားစွဲဆိုလိုက်တာပါ။ တရားစွဲဆိုရာမှာ ထရမ့်က သူ့ကိုပိတ်ထားတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို ပြန်ဖွင့်ပေးဖို့နှင့် ပျက်စီးဆုံးရှုံးမှုတွေကို တောင်းဆိုတာတွေ ပါဝင်ပါတယ်။ ထရမ့်ရဲတရားစွဲဆိုမှုကို AFPI လို့ခေါ်တဲ့ အမေရိကန်ပထမမူဝါဒအဖွဲ့က ထောက်ခံထားပါတယ်။ ထရမ့် ကြေညာတဲ့အချိန်မှာ အေအက်ဖ်ပီအိုင်တို့ရဲ့ဥက္ကဋ္ဌ၊ စီအီးအိုနှင့် ဘုတ်ဥက္ကဋ္ဌတို့အနားမှာ အတူရှိနေခဲ့ကြတာ ဖြစ်ပါတယ်။  

Ref:Axios