#WorldHealth

Published - 3 November 2021

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားသူတွေမှာ ကိုဗစ်ရောဂါပိုးကူးစက်ပါက ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

အင်္ဂလန်ပြည်ထောင်စုရှိ အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေက ကိုဗစ်ရောဂါကူးစက်နေတဲ့ လူနာ ၂ သောင်းနီးပါးကို ဆန်းစစ်လေ့လာခဲ့ပြီး လူနာတဝက်ခန့်က ကာကွယ်ဆေးထိုးပြီးသားသူတွေ ဖြစ်ပါတယ်။

ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ နှိုင်းယှဉ်ပါ က ကာကွယ်ဆေးအပြည့်ထိုးထားတဲ့သူတွေ အထူးသဖြင့် အသက် ၆၀ အောက်လူတွေဟာ သေဆုံးမှုနှုန်းပိုမိုနည်းပါးပြီး အောက်ဆီဂျင်နည်းပါးခြင်း၊ ဆေးပစ္စည်းကိရိယာ အကူအညီအသုံးပြုရခြင်း၊ အထူးကြပ်မတ်ကုသခြင်း၊ သွေးခဲခြင်း၊ အကြောဆွဲခြင်း၊ စိတ်ဖောက်ပြန်ခြင်းစတဲ့ စိုးရိမ်ဖွယ်လက္ခဏာများ ပိုမိုနည်းပါးတာကို တွေ့ရပါတယ်။

အခြားတစ်ဖက်က medRxiv ကျန်းမာရေးဝက်ဘ်ဆိုက်မှာ သုတေသီအဖွဲ့ကတင်ပြထားတာကတော့ "ပြီးခဲ့တဲ့ကာကွယ်ဆေးထိုးနှံမှုတွေက အရင်ကကိုဗစ်ရောဂါကြောင့် ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ နှလုံးခုန်မမှန်ခြင်း၊ အဆစ်နာခြင်း၊ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ အိပ်မပျော်ခြင်းနဲ့ စိတ်အတက်အကျမမှန်ခြင်းစတဲ့ ရောဂါလက္ခဏာများကို ကာကွယ်ပေးနိုင်စွမ်း မရှိလောက်ဘူး"လို့ ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်စွမ်းမရှိတာက ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာနိုင်တဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်လို့ ဆိုသွားပါတယ်။
Source: medRxiv