#WorldHealth

Published-  30  October 2021

အဝလွန်ခြင်းကြောင့် ကိုဗစ်ရောဂါခံစားရမှုကို ပိုမိုဆိုးရွားစေနိုင်ပြီး ဒါဟာ ကိုရိုနာဗိုင်းရပ်စ်က အဆီဆဲလ် (fat cells)တွေကို ကူးစက်တာကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တဲ့လူနာတွေရဲ့ အသားစတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ်က အဆီတစ်ရှူးမှာတွေ့ရတဲ့ ဆဲလ် ၂ မျိုးကို ကူးစက်စေတာ တွေ့ရှိရပါတယ်။

adipocytes လို့ခေါ်တဲ့ အဆီသိုလှောင်တဲ့ဆဲလ်နဲ့ macrophage လို့ခေါ်တဲ့ အဏုဇီဝပိုးမွှားတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ immune ဆဲလ်တွေကို ကူးစက်စေတာဖြစ်ပါတယ်။

"အဆီဆဲလ်တွေကူးစက်ခြင်းကြောင့် သွေးကြောရောင်ရမ်းပေါက်ထွက်ခြင်း ဖြစ်ပေါ်လာနိုင်ကာ ကိုဗစ်ရောဂါပြင်းထန်တဲ့လူနာတွေမှာ တွေ့ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်"လို့ စတန်းဖို့ဒ်ဆေးပညာတက္ကသိုလ်မှ ဒေါက်တာ Catherine Blish က ဆိုပါတယ်။

သူ့ရဲ့အဖွဲ့က ဒီတွေ့ရှိချက်ကို ပညာရှင်တွေအချင်းချင်းမတိုင်ပင်ရသေးခင် တနင်္လာနေ့က bioRxiv ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

"ကျွန်မတို့ရဲ့တွေ့ရှိချက်က အဆီတစ်ရှူးတွေဆီ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းနဲ့ သွေးကြောရောင်ရမ်းပေါက်ထွက်ခြင်းတို့ကြောင့် SARS-CoV-2 ကူးစက်ခံရတဲ့ အဝလွန်သူတွေမှာ ရောဂါအခြေအနေဆိုးရွားတာ ဖြစ်နိုင်ပါတယ်"လို့ ဒေါက်တာကပြောပါတယ်။