#WorldHealth

Published- 30  October 2021

ဈေးသက်သာပြီး အလွယ်တကူရရှိနိုင်တဲ့ စိတ်ကျရောဂါကုသဆေးဟာ ရောဂါကူးစက်နိုင်ခြေမြင့်မားတဲ့ လူ ၃ ပုံ ၁ ပုံနီးပါးမှာ ကိုဗစ်ရောဂါပြင်းထန်စွာခံစားရခြင်းကို လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဗုဒ္ဓဟူးနေ့က တင်ပြသွားပါတယ်။

ဘရာဇီးလ်နိုင်ငံမှာ fluvoxamine လို့ခေါ်တဲ့ စိတ်ကျရောဂါကုသဆေးသောက်သုံးတဲ့ လူနာ ၁၅၀၀ ခန့်ကို စမ်းသပ်ကြည့်ရာမှာ ဆေးရုံတက်ကုသခံရမှုနဲ့ ရောဂါဆိုးရွားပြင်းထန်စေမှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

Luvox အမှတ်တံဆိပ်နဲ့ထုတ်လုပ်တဲ့ဆေးဟာ စိတ်စွဲတမ်းတရောဂါနဲ့ စိတ်ဓာတ်ကျရောဂါတွေဟာ အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဆေးက သွေးကြောရောင်ရမ်းခြင်း ဖြစ်စေတတ်တယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ စိတ်ရောဂါကုပရော်ဖက်ဆာ ဒေါက်တာ Angela Reiersen ကဆိုပါတယ်။

"Fluvoxamine က SARS-CoV-2 ကူးစက်ခြင်းကြောင့် ထွက်စေနိုင်တဲ့ ရောင်ရမ်းမှုဖြစ်စေတဲ့ မော်လီကျူးတွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ သွေးခဲခြင်းဖြစ်စေနိုင်တဲ့ platelet တွေကိုလည်း လျော့ကျစေတယ်"လို့ ဒေါက်တာက ဖော်ပြထားပါတယ်။

ဒေါက်တာနဲ့ သူ့ရဲ့အဖွဲ့က ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လူနာ ၇၄၁ ဦးကို fluvoxamine ၁၀၀ မီလီဂရမ်ကို တစ်နေ့ ၂ ကြိမ်ဖြင့် ၁၀ ရက်အကြာအထိ သောက်သုံးခိုင်းပြီး တခြား ၇၅၆ ဦးကိုတော့ အာနိသင်မပါတဲ့ဆေးနဲ့ စမ်းသပ်ခဲ့ပါတယ်။

fluvoxamine ဆေးပေးတဲ့ လူနာ ၇၉ ဦး (၁၁ ရာခိုင်နှုန်း)နဲ့ အာနိသင်မပါတဲ့ဆေးပေးထားတဲ့ လူနာ ၁၆ ရာခိုင်နှုန်းဟာ အရေးပေါ်ကုသမှုခံယူခဲ့ရပါတယ်။

ဒီဆေးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ လူနာတွေကိုကုသရာမှာ အသုံးပြုနိုင်မလားဆိုတာကတော့ ထပ်မံလေ့လာရဦးမှာဖြစ်ပါတယ်။
"fluvoxamine က ဈေးသက်သာတယ်။ ၁၀ ရက်သောက်မှ ၄ ဒေါ်လာလောက်ပဲ ကုန်ကျမှာပါ"လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။

ဒီဆေးဟာ ကိုဗစ်ရောဂါကုသတဲ့ဆေးမဟုတ်ပေမယ့် လူနာတွေကို ဆေးရုံတက်ကုသရမှုကို လျော့ကျစေနိုင်တာကြောင့် အသုံးဝင်နိုင်ပါတယ်။

"fluvoxamine အသုံးပြုခြင်းရဲ့ စိတ်ချရမှု၊ သုံးစွဲရလွယ်ကူမှု၊ ဈေးသက်သာမှုနဲ့ အလွယ်တကူရရှိနိုင်မှုတွေကြောင့် ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်တွေမှာ အသုံးဝင်ပါလိမ့်မယ်"လို့ ဆိုပါတယ်။
ဒီစမ်းသပ်ချက်က ပြီးပြည့်စုံနေတာတော့မဟုတ်ပါဘူး။

ဘရာဇီးလ်မှာပဲ စမ်းသပ်ခဲ့တာဖြစ်ပြီး တခြားစမ်းသပ်ချက်ပြုလုပ်ခဲ့တဲ့ ကိုဗစ်ရောဂါလူနာတွေထက်လည်း ဆေးရုံတက်ကုသခံရမှု ပိုများနေခဲ့တာဖြစ်ပါတယ်။
Source: CNN