Published 29 October 2021

၂၀၂၀မှာ ကွယ်လွန်ခဲ့ရတဲ့ ဘောလုံးကြယ်ပွင့် ဒီယာဂိုမာရာဒိုနာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ “ မာရာဒိုနာ- ကောင်းမြတ်သောအိပ်မက်” တီဗွီစီးရီးအထူးပြသပွဲကို အာဂျင်တီးနားမှာ ကြာသပတေးနေ့က  ပြုလုပ်ခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံ၊ဗျူနိုအေရီးစ်မှာရှိတဲ့ ဒီယာဂိုအာမန်ဒို မာရာဒိုနာ ဘောလုံးအားကစားကွင်းကြီးမှာ အဲဒီအထူးပွဲကို ပြသခဲ့ပါတယ်။ အဲဒီနေရာဟာ မာရာဒိုနာ ဘောလုံးစတင်ကစားခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲဒီအထူးပွဲပြသရာကို သရုပ်ဆောင်တွေ စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။

Source AFP