#WorldPolitics


Published -30 October 2021

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ်မှာ အိမ်ဖြူတော်မှာ အုပ်ချုပ်ခွင့်ရဖို့ ရွေးကောက်ခံသွားဖွယ်ရှိပါတယ်။

ဒါပေမဲ့ လက်ရှိတာဝန်ယူ အုပ်ချုပ်နေတဲ့ ဂျိုးဘိုင်ဒန်နဲ့တော့ ရင်ဆိုင်ရဖွယ်မရှိဘူးလို့ ထရမ့်ရဲ့ အကြံပေးအရာရှိဟောင်း ဂျေဆန်မေလာက ပြောပါတယ်။

"ထရမ့်က ဘယ်လိုဆုံးဖြတ်ထားလဲ ဆိုတာကို မပြောသေးပါဘူး။ ဒါပေမဲ့ လူတွေကိုကူညီပြီး အမေရိကကိုကယ်တင်နိုင်ဖို့ သူဘယ်လောက်အထိ စိတ်အားထက်သန်နေလဲဆိုတာကိုတော့ သူပြောတဲ့စကားတွေအရ ပြန်လည်ရွေးကောက်ခံသွားဖွယ်ရှိတယ်လို့ မှတ်ချက်ချလို့ရပါတယ်"လို့ မေလာက Nikkei နဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။

၂၀၂၄ ခုနှစ် အိမ်ဖြူတော်ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်တယ့် ဒီမိုကရက်တစ်ပြိုင်ဘက်တွေက ဒုသမ္မတ ကာမာလာအဲရစ်နဲ့  ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး ဂေဗင်နယူဆမ်တို့ ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာတော့ ထရမ့်က အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၄ ရွေးကောက်ပွဲအတွက် ထရမ့်က သူ့ရဲ့ရည်မှန်းချက်တွေကို မကြေညာရသေးတဲ့ အချိန်မှာ ဆိုရှယ်မီဒီယာအသုံးပြုခြင်းတွေ အပိတ်ပင်ခံထားရတာကြောင့် ဆန္ဒမဲပေးမယ့်လူတွေနဲ့ ဆက်သွယ်ပြောကြားဖို့က ထရမ့်အတွက် စိန်ခေါ်မှုဖြစ်လာမှာပါ။

ဇန်နဝါရီလက ထရမ့်ကိုထောက်ခံသူတွေက အမေရိကန်လွှတ်တော်ရုံးကို တိုက်ခိုက်နှောင့်ယှက်ခဲ့တာကြောင့် ထရမ့်ရဲ့တွစ်တာနဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ပိတ်ပင်ခံခဲ့ရပါတယ်။

ထရမ့်က Truth Social ဆိုတဲ့ လူမှုကွန်ရက်ပလတ်ဖောင်းကို ဖေ့စ်ဘွတ်နဲ့အပြိုင် တည်ထောင်ခဲ့ပါတယ်။
ထရမ့်နဲ့တခြားသူတွေက ဖေ့စ်ဘွတ်နဲ့တွစ်တာကို စွပ်စွဲပြောကြားထားပါတယ်။

မေလာရဲ့ လူမှုကွန်ရက်ပလတ်ဖောင်းအသစ်ဖြစ်တဲ့ Gettr ကို ထရမ့်က မပူးပေါင်းခဲ့ပါဘူး။

"ကျွန်တော်တို့နှစ်ယောက် သဘောမတိုက်ဆိုင်တဲ့ အချက်လေးရှိခဲ့လို့ မပူးပေါင်းဖြစ်ခဲ့တာပါ။ ကျွန်တော်တို့က မိတ်ဆွေတွေအဖြစ် ဆက်ရှိနေမှာပါ။ ဒါပေမဲ့ လူမှုကွန်ရက် စီးပွားရေးဈေးကွက်မှာတော့ လုပ်ငန်းပြိုင်ဘက်တွေအနေနဲ့ ရှိနေဦးမှာပါ"လို့ မေလာကဆိုပါတယ်။

မေလာက CEO အဖြစ်ဆောင်ရွက်နေတဲ့ Gettr ကို ကမ္ဘာတဝန်းမှာ သုံးစွဲသူ ၁ သန်းခန့် ရှိနေပြီဖြစ်ပါတယ်။
သုံးစွဲသူတဝက်ခန့်က အမေရိကန်ကဖြစ်ပြီး ဒုတိယအများဆုံးကတော့ ဂျပန်နဲ့ဘရာဇီးလ်တို့မှာ ဖြစ်ပါတယ်။
သုံးစွဲသူအသစ်တွေ အများအပြားရှာဖွေဖို့အတွက်က တောင်ကိုရီးယား ဖိလစ်ပိုင် နိုက်ဂျီးရီးယားနဲ့ အိန္ဒိယတိုပါဝင်ပါတယ်။

Gettr ရော Truth Social ရော ထုတ်လွှင့်တဲ့အချိန်တုန်းက ဟက်ကာတွေ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။
"ကျွန်တော်တို့ရဲ့ လူမှုကွန်ရက်မှာ ကျွန်တော်နဲ့ ထရမ့်တို့ကို ဝေဖန်တိုက်ခိုက်တာတွေ နေ့တိုင်းတွေ့နေရပါတယ်။
ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ကင်းလွတ်တယ်ဆိုရင်တော့ အသုံးပြုလို ရနေမှာပါ"လို့ ဆိုပါတယ်။
Source: Nikkei Asia