Published 2 April 2023

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၃ခုနှစ်အတွက် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒအသစ်ကို ထုတ်ပြန်ခဲ့ရာ ရူပီးအခြေခံကုန်သွယ်ရေးကို နိုင်ငံတကာအသွင်ပြုလုပ်ရေးကို အဆိုပါမူဝါဒအသစ်မှာ အသားပေးထားခဲ့ ပါတယ်။ အိန္ဒိယရဲ့ ကုန်သွယ်ရေးမူဝါဒအသစ်၂၀၂၃ အသစ်ရဲ့ အဓိကအချက်အလက်တွေကို ကောက်နှုတ်ဖော်ပြအပ် ပါတယ်။

-အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး ပီယတ်ဂိုယယ်က က မတ်၃၁ရက်နေ့မှာ ၂၀၂၃-၂၀၂၈ ငါးနှစ်တာ နိုင်ငံခြားကုန်သွယ်ရေးမူဝါဒအသစ်ကို ကြေညာခဲ့ပါတယ်။

- ယခုနိုင်ငံခြားကုန်သွယ်ရေးမူဝါဒအသစ်မှာ ရူပီးဖြင့်ကုန်သွယ်မှုကို နိုင်ငံတကာသုံးပြုလုပ်ရေးကို အဓိက အသားပေးထား ပါတယ်။

-အိန္ဒိယရဲ့ ကုန်ပစ္ဏည်းတွေနှင့် ဝန်ဆောင်မှုတွေကို ပြည်ပပို့ကုန်တိုးမြှင့်ဆောင်ရွက်ဖို့ မူဝါဒကရည်ရွယ်ထားပြီး ၂၀၂၃ခုနှစ် ဧပြီလ(၁)ရက်ကစပြီး မူဝါဒအသစ်ဟာ အကျုံးဝင်ပါတယ်။ ၂၀၃၀ အရောက်မှာ အိန္ဒိယရဲ့ကုန်စည်နှင့်ဝန်ဆောင်မှုတန်ဖိုး ဟာ အမေရိကန်ဒေါ်လာ ၂ ထရီလီယံရှိလာမယ်လို့မျှော်မှန်းထားပါတယ်။

-မူဝါဒအသစ်အရ အိန္ဒိယရဲ့ အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး e-commerce တွေတိုးတက်လာဖို့ရှိပြီး ၂၀၂၃ခုနှစ်  မှာ အမေရိကန်ဒေါ်လာ ၂၀၀ဘီလျံမှ ၃၀၀ဘီလျံအထိရှိနေမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

-နိုင်ငံခြားကုန်သွယ်မှုမဟာဗျူဟာအသစ်အောက်မှာ နို့ထွက်ပစ္စည်းတွေကို ပျှမ်းမျှပို့ကုန်လိုက်နာရန်အချက်များကနေ ကင်းလွတ်ခွင့်ပြုထားပြီး အထည်ချုပ်လုပ်ငန်းတွေအတွက် အထူးခွင့်ပြုချက်အစီအစဉ်ကို တိုးပေးထားပါတယ်။

-ဖာရီဒါဘက်၊မိုရာဒါဘက်၊မီယာဇာပါနှင့် ဗာရာဏသီတို့ကို ပို့ကုန်ဒေသအသစ်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။

-အဲဒီအပြင် ကုန်သွယ်မှုခွင့်ပြုချက်တွေအတွက် အလိုအလျောက်စနစ်တွေနှင့်ခွင့်ပြုဖို့ပါဝင်နေပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းတွေ အစိုးရရဲ့ အထောက်အပံ့ အသေအချာရရှိစေဖို့ အစီအမံတွေလည်းပါဝင်ပါတယ်။

Source:India_Today

#YangonMediaGroup

#အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုမူဝါဒ၂၀၂၃

#ရူပီးကုန်သွယ်မှုနိုင်ငံတကာပြုလုပ်ရေး

#အိန္ဒိယစီးပွားကုန်သွယ်ရေး