#World_Health
Published 2 April 2023

 

လူတွေက မနက်ထထချင်းမှာ ခက်ခက်ခဲခဲနိုးထကြရပြီး ဒါဟာ ပြောင်းလဲဖို့ခက်ခဲတာတော့ မဟုတ်ပါဘူး။

 

သုတေသီတို့က ခန္ဓာကိုယ်အတွက် ကောင်းတဲ့အရာတွေနဲ့ မကောင်းတဲ့အရာတွေကို လေ့လာဖော်ပြခဲ့ကြပါတယ်။

 

သာယာလှပနိုးကြားတဲ့ မနက်ခင်းပိုင်ဆိုင်နိုင်ဖို့ ရှောင်ရှားသင့်တဲ့ အချက် ၇ ချက်ကိုဖော်ပြလိုက်ပါတယ်။

 

(၁) နိုးစက်အချိန်ဆွဲခြင်း မလုပ်ပါနှင့်
နှိုးစက်မြည်တဲ့အချိန်မှာ ချက်ချင်းထဖို့ခက်ခဲတာကြောင့် အချိန်ဆွဲတဲ့ခလုတ်ကို နှိပ်ကြလေ့ရှိပါတယ်။

နိုးစက်မြည်တဲ့အသံ နောက်ဆုတ်လိုက်တိုင်း အိပ်စက်ခြင်းစက်ဝန်းအသစ် ပြန်ရောက်သွားပြီး နောက်မိနစ်အနည်းငယ်ကျရင် ထပ်မံပျက်ပြယ်သွားမှာဖြစ်ပါတယ်။

 

(၂) မနက်ကော်ဖီသောက်ပြီးမှ သွားတိုက်တာမျိုးမလုပ်ပါနှင့်
အချို့တွေက ကော်ဖီနဲ့ မနက်စာစားပြီးမှ သွားတိုက်တာမျိုးလုပ်တတ်ပေမယ့် ဆိုးကျိုးကပိုများနေပါတယ်။

စားပြီးမှသွားတိုက်တဲ့အခါ သကြားဓာတ်တွေက သွားတွေကိုပွတ်တိုက်မိပြီး ကြွေလွှာကိုထိခိုက်စေပါတယ်။

 

(၃) မနက်ပိုင်းရေမချိုးပါနှင့်
မနက်ပိုင်းမှာ ရေနွေးနဲ့ချိုးတဲ့အခါ ကြွက်သားတွေကိုပြေလျော့စေတာကြောင့် နိုးကြားဖို့နဲ့ ခန္ဓာကိုယ်စွမ်းအားမြှင့်တင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။

ရေအေးဖြင့်ချိုးခြင်းက ခန္ဓာကိုယ်ကို အားအင်ပေးပြီး အာရုံတွေနိုးကြားစေတယ်ဆိုတာတော့ အငြင်းပွားနေရဆဲပါ။

 

(၄) အမှောင်ထဲမနေပါနှင့်
လူတွေရဲ့ ဇီဝစက်ဝန်းဟာ အလင်းထိတွေ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။

မနက်ခင်းရဲ့သဘာဝအလင်းရောင်က အိပ်စက်ခြင်းကိုကူညီပေးတဲ့ မယ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကို ရပ်တန့်ပေးပါတယ်။

ညဘက်မှာ လိုက်ကာတွေဖွင့်ထားခြင်းဖြင့် မနက်ရောက်တဲ့အခါ နေရောင်ဝင်ရောက်လာပြီး အလွယ်တကူနိုးစေမှာဖြစ်ပါတယ်။

 

(၅) ဖုန်းနိုတီများမကြည့်ပါနှင့်
မနက်မျက်လုံးဖွင့်တဲ့အချိန်မှာ ဖုန်းထဲက ဖေ့စ်ဘွတ်ခ်၊ WhatsApp ၊ အီးမေးလ်နိုတီများ ဝင်ကြည့်တဲ့အခါကျ မကောင်းတဲ့ခံစားချက်တွေကိုသာ ဖြစ်စေမှာပါ။

ဒါ့အပြင် သတင်းအကြောင်းအရာတစ်ခုခု လွတ်သွားမှာကိုစိုးရိမ်တဲ့ အခြေအနေကလည်း စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။

 

(၆) အစားအသောက်တစ်မျိုးတည်းကိုပဲ စွဲမြဲမနေပါနှင့်
တစ်နေ့တာရဲ့အစမှာ ကွတ်ကီး၊ ကိတ်၊ ချောကလက်၊ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိုက်များက နောက်ပိုင်းမှာ အချိုစားချင်စိတ်ကို ကာကွယ်ပေးပါတယ်။

 

(၇) နောက်ဆုံးမိနစ်ရောက်မှမထပါနှင့်
မနက်တိုင်းမှာ အိပ်ရာထရတော့မလား ထပ်အိပ်ရမလားဆိုတာ အမြဲဒွိဟဖြစ်ကြပါတယ်။

အိမ်ကနေမထွက်ခင် တစ်နာရီအလိုမှာအိပ်ရာထပြီး ကော်ဖီအေးဆေးသောက်၊ သတင်းဖတ်ခြင်းတို့ပြုလုပ်သင့်ပါတယ်။

နောက်ကျမှထရတယ်ဆိုရင် ခန္ဓာကိုယ်ကို ပင်ပန်းစေသလို စိတ်အာရုံထွေပြားစေပါတယ်။

Source: The Jerusalem Post
#မနက်အိပ်ရာထချိန် #သတိပြုရှောင်ရှားသင့်သည့်အလေ့အထ(၇)မျိုး
#YMG#Yangon_Media_Group