Published 2 April 2023

မြောက်ကိုရီးယားခေါင်းဆောင်က နိုင်ငံရဲ့ နျူကလီးယားလက်နက်ခဲယမ်းစုကိုတိုးချဲ့ဖို့အတွက် လောင်စာဗုံး Bomb Fuel တွေ ထုတ်လုပ်မှုတိုးမြှင့် ဖို့အမိန့်ပေးပြီးနောက် မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယားလုပ်ငန်းခွင်မှာ လှုပ်ရှားမှုတွေ မြင့်တက်လာတာကို ဂြိုဟ်တုရုပ်ပုံတွေမှာ မြင်တွေ့လာနေရတယ်လို့ အမေရိကန်ရဲ့ ဉာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့က ဧပြီ(၁)ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဝါရှင်တန်အခြေစိုက် “၃၈မြောက်” မြောက်ကိုရီးယားစောင့်ကြည့်ရေးစီမံချက်က ပြောကြားရာမှာ သူတို့ဟာ မတ်လ(၃)ရက်မှ (၁၇)ရက်အထိရရှိတဲ့ ဂြိုဟ်တုပုံရိပ်တွေကိုအခြေခံပြီး အဲဒီလှုပ်ရှားမှုတွေကိုခြေရာခံမိတယ်လို့ ဆိုပါတယ်။ ယွန်ဗြောင်လုပ်ငန်းခွင်ထဲမှာ စမ်းသပ် အပေါ့စား ရေသုံး နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုလို့ ညွှန်းဆိုနေပြီး လုပ်ငန်းက ပြီးစီးလုရှိနေကာ စတင်အသုံးပြုဖို့ အကူးအပြောင်းအဆင့်ရောက်နေပြီလို့ သူတို့ကပြောပါတယ်။

ယွန်ဗြောင်လုပ်ငန်းခွင်ထဲမှာ ၅ မဂ္ဂဝပ်နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုကို ဂြိုဟ်တုပုံရိပ်တစ်ခုကပြသနေပြီး ဆက်လက် လည်ပတ်နေပါတယ်။ အဆိုပါ ဓာတ်ပေါင်းဖိုအနီးတစ်ဝိုက်မှာ အထောက်အကူပြု အဆောက်အအုံတွေတည်ဆောက်နေ တာလည်းတွေ့ရပါတယ်။အဲဒီအပြင် ဓာတ်ပေါင်းဖိုရဲ့ အအေးခံစနစ်ကနေထွက်လာတဲ့ ရေတွေကိုလည်းပုံမှာတွေ့ရတယ် လို့ အဆိုပါအဖွဲ့ကပြောပါတယ်။ယွန်ဗြောင် ယူနေရနီယမ်သန့်စင်စက်ရုံအနီတစ်ဝိုက်မှာ ဆောက်လုပ်ရေးအသစ်တွေ စတင်နေတာတွေ့ရပြီး ဒါဟာ ယင်းရဲ့ စွမ်းရည်ကိုမြှင့်တင်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။

“ ဒါဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်စု ထုတ်လုပ်မှုတိုးချဲ့ဖို့ နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ တိုးမြှင့်ဖို့ မကြာသေးမီက ကင်ဂျုန်အမ်က ညွှန်ကြားခဲ့ပြီးနောက်   ဒီလိုလုပ်ဆောင်မှုတွေမြင်တွေ့လာရတာဖြစ်တယ်” လို့  အမေရိကန်အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း မြောက်ကိုးရီးယားဟာ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ရဲ့ စစ်ရေးလေ့ကျင့် ခန်းတွေအရှိန်မြှင့်တင်လာတာကို ရှုတ်ချပြီးနောက် သူတို့ရဲ့ နျူကလီးယားထိပ်ဖူး အငယ်စား အသစ်တစ်မျိုးကို ထုတ်ပြခဲ့ ပါတယ်။ ပြီးတော့ လက်နက်စုကိုတိုးချဲ့ဖို့ နျူကလီးယားလက်နက်တွေတိုးထုတ်ဖို့ သန္နိဋ္ဌာန်ချဆောင်ရွက်နေကြတာ  ဖြစ်ပါတယ်။

Source: Reuters

#မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်

#မြောက်ကိုရီးယား_နျူကလီးယားလက်နက်ထုတ်လုပ်ရေးမြှင့်တင်

#တောင်ကိုရီးယား_အမေရိကန်_စစ်ရေးလေ့ကျင့်မှုတိုးမြှင့်

#YangonMediaGroup