#World_Science
Published 2 April 2023

 

ပြင်သစ်ဒီဇိုင်နာတစ်ဦးက ဥက္ကာခဲအစစ်ဖြင့်ပြုလုပ်ထားတဲ့ လက်ကိုင်အိတ်တစ်ခုကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။



Mini Meteorite Swipe Bag အိတ်ဟာ ပဲရစ်ဖက်ရှင် Coperni မှဖန်တီးတာဖြစ်ပြီး ယူရိုငွေ ၃၅,၀၀၀ ကျသင့်မှာဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅,၀၀၀ ခန့်က ကမ္ဘာပေါ်ကိုကျလာတဲ့ လကျောက်နဲ့ အစေးတွေကနေ ကန့်သတ်အရေအတွက်ဖြင့် ထုတ်လုပ်ထားပါတယ်။

 

ထိပ်ကနေ အောက်အထိ ၉ လက်မရှိကာ ရှေးဟောင်းသုတေသနပညာ၊ ဒီဇိုင်း၊ ဂန္တဝင်အနုပညာတို့ဖြင့် သိမ်မွေ့စွာပေါင်းစပ်ထားတာဖြစ်ပါတယ်။

 

ဒီအမှတ်တံဆိပ်ကုမ္ပဏီကနေပဲ ဖန်အကြည်ဖြင့်လုပ်ထားတဲ့ ဒေါ်လာ ၂,၈၀၀ တန်လက်ဆွဲအိတ်လည်း ရောင်းချထားပြီးဖြစ်ရာ အထဲမှာဘာပါလဲဆိုတာကို မြင်နေရပါတယ်။

 

ရောင်းချတဲ့တစ်အိတ်ချင်းစီက အနည်းငယ်ကွဲပြားပြီး အသိအမှတ်ပြုခံထားရပါတယ်။

 

တစ်ခုချင်းစီက လက်နဲ့အသေအချာပြုလုပ်ထားတာဖြစ်ပြီး ပုံထဲကနဲ့ အနည်းငယ်ကွဲပြားနိုင်ပါတယ်။

 

ဒီလက်ဆွဲအိတ်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အကောင်းရောအဆိုးရော မှတ်ချက်ပေးနေကြပါတယ်။

 

ကျောက်နဲ့လုပ်ထားတာဖြစ်ပေမယ့် အလေးချိန် ၃.၉ ပေါင်သာရှိကာ သာမန်လက်ဆွဲအိတ်ထက် ပိုပေါ့ပါးပါတယ်။

 

အဆိုပါရှားပါးလကျောက်ကို အီတလီမှာ လက်လုပ်ဖန်တီးပြီး Semar အီတလီစက်ရုံကထုတ်လုပ်တဲ့အိတ်နဲ့ ပူးပေါင်းထားတာဖြစ်ပါတယ်။

 

Coperni က ထိုကျောက်ကို ဘယ်လိုရရှိသလဲဆိုတာ မသိကြပါဘူး။

 

ပြတိုက်တစ်ခုခု ဒါမှမဟုတ် ပစ္စည်းစုဆောင်းသူဆီက ဝယ်ထားတာဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

 

ဥက္ကာခဲဟာ အာကာသကရောက်လာတဲ့ အာကာသကျောက်တုံးမှ အစအနဖြစ်ပါတယ်။

 

ဒီအိတ်ကိုဝယ်ယူနိုင်လောက်တဲ့ သူတွေအတွက် နောက်အပတ်ကစပြီး မှာယူမှုကို လက်ခံတော့မှာဖြစ်ပါတယ်။
Source: Daily Mail
#ဥက္ကာခဲ #လက်ဆွဲအိတ်အား #ပြင်သစ်ဒီဇိုင်နာ
#YMG#Yangon_Media_Group