အာဖဂန်အစိုးရတပ်တွေနှင့် ညတိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက် တာလီဘန်တွေက သူတို့ရဲ့ ကန်ဒါဟာ ခံတပ်ဟောင်းရှိရာ အဓိကကျတဲ့ခရိုင်တစ်ခုကို သိမ်းပိုက်လိုက်ကြတဲ့အတွက် အဲဒီဒေသမှာရှိတဲ့ မိသားစုတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရပါတယ်။ အမေရိကန်တပ်တွေက အကြမ်းဖက်မှုဒဏ်ခံနေရတဲ့ အာဖဂန်ကနေ နောက်ဆုံးဆုတ်ခွာမှုတွေစတင်ခဲ့တဲ့ မေလစောစောပိုင်း ကတည်းက အာဖဂန်ရဲ့ ကျေးလက်ဒေသတွေတစ်လျောက် ပိုင်နက်တွေကို တာလီဘန်သောင်းကျန်းသူတွေက သိမ်းပိုက်ရေး ဆောင်ရွက်လှုပ်ရှားလာခဲ့ကြပါတယ်။