Published 6 July 2021

ယူနိုက်တက်ကင်းဒမ်းရဲ့ အောက်စ်ဖို့တက္ကသိုလ်က ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက အလားအလာရှိတဲ့ ခုခံအားကျဆင်းမှု ရောဂါကာကွယ်ဆေးကို ပထမအဆင့်စမ်းသပ်ထိုးနှံမှုတွေစတင်ပြလုပ်ခဲ့တယ်လို့ RT News ကရေးသားဖော်ပြထားပါတယ်။
အဲဒီစမ်းသပ်မှုကို HIV-CORE 0052 လို့အမည်ပေးထားပြီး ဘေးကင်းမှု၊ခံနိုင်ရည်ရှိမှု၊ကိုယ်ခံအားစနစ် တုန့်ပြန်မှုတွေကို အကဲဖြတ်ဖို့ရည်ရွယ်တာလို့သိရပါတယ်။ ဒီစီမံချက်ကို ဥရောပကော်မရှင်ရဲ့ ဥရောပ ခုခုံအားကျဆင်းရောဂါကာကွယ်ဆေး ကမကထ အစီအစဉ်ရဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
ဒီထိုးဆေးဟာ စွယ်စုံရဆေးဖြစ်ပြီး ခုခံအားကျရောဂါ HIV-1 ရဲ့မျိုးဗီဇအမျိုးမျိုးကို ရည်ရွယ်စမ်းသပ်ထုတ် လုပ်ထားတာဖြစ်ပါတယ်။ အဲဒါကြောင့်တကမ္ဘာလုံးအတွက် သင့်တော်တဲ့ကာကွယ်ဆေးဖြစ်လာလိမ့်မယ် လို့သတင်းကရေးသားပါတယ်။
ဆေးကို လေးပတ်ခြားပြီးနှစ်ကြိမ်ထိုးပေးမှာဖြစ်ပါတယ်။ထိုးပေးမယ့်သူတွေက အိတ်ချ်အိုင်ဗွီပိုးမရှိတဲ့ အသက်၁၈နှစ်နှင့် ၆၅နှစ်အကြားလူတွေဖြစ်ပြီး ထိုသူတွေဟာ ကူးစက်ခံရလွယ်တဲ့ အခြေအနေမှာနေထိုင်နေကြ သူတွေဖြစ်ပါတယ်။
“ဒီစမ်းသပ်မှုဟာ အိတ်ချ်အိုင်ဗွီမရှိတဲ့သူတွေ ရောဂါမဖြစ်အောင်ကာကွယ်ဖို့နှင့် ပိုးရှိပြီးသူတွေ ရောဂါကုသပေးဖို့ဖြစ်ပါတယ်” လို့ သုတေသနအဖွဲ့ခေါင်းဆောင်တွမ်မတ်စ်ဟန်ကီကပြောပါတယ်။

အောက်စ်ဖို့အဖွဲ့ဟာ လာမယ့်ဧပြီနောက်ဆုံးထားပြီး အစီရင်ခံစာတင်ရမှာဖြစ်ပါတယ်။ ဥရောပ၊အာဖရိကနှင့်အမေရိကန်တို့မှာလည်းစမ်းသပ်မှုတွေပြုလုပ်ဖို့စီစဉ်ထားကြောင်းသတင်းမှာဖော်ပြထားပါတယ်။