ဘန်ကောက်-ထိုင်းနိုင်ငံမြို့တော်ဆင်ခြေဖုံးမှာရှိတဲ့ စက်ရုံတစ်ရုံ တနင်္လာနေ့နံနက်စောစောပိုင်းက မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူထောင်ပေါင်းများစွာကို ကယ်ထုတ်ခဲ့ကြရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ကယ်ဆယ်ရေးလုပ်သားတစ်ဦးသေဆုံးခဲ့ရပြီး လူ၂၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းရိုက်တာက သတင်းပေးပို့ပါတယ်။
 
အဲဒီစက်ရုံနဲ့ အချင်းဝက်၃.၁မိုင်အကွာမှာရှိတဲ့ ဆမွတ်ပရာခန်ပြည်နယ်မှာရှိတဲ့ဒေသခံတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ တိုင်ဝမ်ကုမ္ပဏီကပိုင်ဆိုင်တဲ့ အဲဒီစက်ရုံဟာ ပိုလီစထရီရင်းဖော့ပြားတွေထုတ်လုပ်တာဖြစ်ပြီး ဘန်ကောက်၊သုဝဏ္ဏဘူမိလေဆိပ်ကနေ၂.၉၈မိုင်အကွာမှာတည်ဆောက်ထားတာပါ။
 
ဒေသဆိုင်ရာ သဘာဝဘေးဆိုင်ရာအာဏာပိုင်တွေရဲအဆိုအရ အိမ်၇၀ခန့်မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ မနက်စောစောပိုင်းကတည်းက လောင်နေတဲ့မီးကို နာရီပေါင်း(၉)နာရီကြာငြိမ်းသတ်နေရဆဲပဲလို့ သူတို့ကပြောပါတယ်။မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
 
မိုးကြိုးပစ်လိုက်သလို “အစပိုင်းကမိုးကြိုးပစ်တယ်ထင်နေတာ။ အသံအကျယ်ကြီးကြားလိုက်ရတာ။ ငလျင်လှုပ်လိုက်သလိုပဲ အိမ်တွေက ယမ်းခါသွားတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဘိတ်တောင်နီဆာရတ်ကပြောပါတယ်။ ဒီမီးလောင်မှုကြောင့် လေယာဉ်ပျံသန်းမှုအပေါ်သက်ရောက်မှုမရှိဘူးလို့လည်းသတင်းကဖော်ပြပါတယ်။
 
Ref: Reuters /Agencies, Video- Twitter FM 91 post