၁၆ သင်းရှုံးထွက်ပွဲစဉ်တွေဟာ ကွာတားဖိုင်နယ်ပွဲစဉ်တွေထက် ပိုမိုခက်ခဲလေ့ရှိတယ်လို့ ဩစတြီးယားအသင်းကို အနိုင်ယူပြီးနောက် အီတလီနည်းပြမန်ချီနီက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ အီတလီအသင်းဟာ ဇွန်လ ၂၇ ရက်နေ့က ရင်ဆိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ၁၆ သင်းရှုံးထွက် အဆင့်ပွဲစဉ်မှာ ဩစတြီးယားအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ပွဲချိန်အချိန်ပိုမှာ သွင်းယူတဲ့ ချီယယ်ဆာ၊ ပီဆာနီတို့ရဲ့ သွင်းဂိုးတွေကြောင့်သာ ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။