ဇွန်လ ၂၇ ရက်နေ့က ရင်ဆိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်မှာ ချက်အသင်းကို နယ်သာလန်အသင်း ၂ ဂိုးပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ နယ်သာလန်အသင်းဟာ ပွဲချိန် ဒုတိယပိုင်း ၅၅ မိနစ်မှာ နောက်ခံလူ ဒီလစ် အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ တစ်ယောက်လျော့နဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အရေးနိမ့်နိမ့်ခဲ့ရတာပါ