ပိုလန်အသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အပိုင်ကန်ချက်လွဲချော်ခဲ့မှုကြောင့် မိသားစုရဲ့ အသက် အန္တရယ်ခြိမ်ခြောက်ခြင်းခံခဲ့ရတယ်လို့ စပိန်တိုက်စစ်မှူး မိုရာတာက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မိုရာတာဟာ  စပိန်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ချေပဂိုးကြောင့် ပွဲအပြီးမှာ တစ်ဂိုးစီသရေကျခဲ့ရတာပါ။ အဲဒီပွဲစဉ်မှာပဲ စပိန်တိုက်စစ်မှူး ဂျရတ်မိုရီနိုရဲ့ ပင်နယ်တီကန်ချက် တိုင်ထိ ထွက်လာတာကို မိုရာတာ ပိတ်ဆို့ခွင့်ရပေမယ့် ဂိုးသမားမရှိတဲ့ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရလို့ စပိန်အသင်း နောက်တစ်ဆင့်တက်ဖို့ ခက်ခဲသွားတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ဆလိုဗက်ကီးယားအသင်းကို ၅ ဂိုးပြတ်အနိုင်ရခဲ့လို့သာ စပိန်အသင်း အုပ်စုဒုတိယအဖြစ် နောက်တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။