တနင်္ဂနွေညက ရင်ဆိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အီတလီအသင်းက အင်္ဂလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ် ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ချန်ပီယံဆုဖလားကို ရရှိခဲ့တာဖြစ်ပြီး ၁၉၆၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ရရှိခဲ့တာပါ။