ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲမှာ  အာဂျင်တီးနားအသင်းက အိမ်ရှင်ဘရာဇီးအသင်းကို တောင်ပံကစားသမား ဒီမာရီယာရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒါဟာ အာဂျင်တီးနားအသင်းအတွက် ၁၉၉၃ ခုနှစ်နောက်ပိုင်း ကိုပါအမေရိကဖလားကို ပထမဆုံးအကြိမ်ရရှိတာဖြစ်သလို အသက် ၃၄ နှစ်အရွယ် အသင်းခေါင်းဆောင်မက်ဆီအတွက်လည်း ပထမဆုံးနိုင်ငံတကာချန်ပီယံဆုဖလား ရရှိတာဖြစ်ပါတယ်။