အီတလီ လက်ရွေးစင်ဘောလုံးအသင်းဟာ ဇူလိုင်၁၂ရက်က သမ္မတ ဆာဂျီယိုမက်တာရီလာနှင့် တွေ့ဆုံဖို့ ကီရင်နယ်လ်နန်းတော်ကို ရောက်ရှိလာကြပါတယ်။ သူတို့ဟာ ယူရို၂၀၂၀နောက်ဆုံးဗိုလ်လုပွဲမှာ အင်္ဂလန်ကို အနိုင်ရရှိပြီးနောက် ဆုဖလားကြီးပိုက်ကာ ပြည်တော်ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။