Published 3 July 2021

ယူရို ၂၀၂၀ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘယ်ဂျီယံအသင်းကို အနိုင်ယူပြလိုက်တာဟာ အီတလီအသင်းရဲ့ နှလုံးရည်ကို ပြသလိုက်တာဖြစ်တယ်လို့ နောက်ခံလူ ဘိုနူချီက ကြုံးဝါးပြောဆို သွားခဲ့ပါတယ်။ အီတလီအသင်းဟာ ဘယ်ဂျီယံအသင်းကို ဘာရယ်လာ၊ အင်ဆစ်ဂနီတို့ရဲ့ သွင်းဂိုးတွေ ကြောင့် ဘယ်ဂျီယံအသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ တာဖြစ်ပါတယ်။ အီတလီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းပြပြီး ၁၁ ဂိုးသွင်းယူကာ ပေးဂိုး ၂ ဂိုးသာရှိခဲ့တာပါ။