မန်ယူအသင်းဟာ လာမယ့်ရာသီသစ်အတွက် ကစားသမားသစ်ခေါ်ယူအားဖြည့်မှုအဖြည့် ဒေါ့မွန်နဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို​ ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာလိုက် ပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းနဲ့ ခေါ်ယူဖို့  မူအားဖြင့် သဘော တူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၁ နှစ်အရွယ် ဆန်ချိုဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲ ကစားနေတာဖြစ်လို့ ပြိုင်ပွဲအပြီးမှသာ မန်ယူအသင်းက ဆေးစစ်မှုပြုလုပ်ပြီး အပြီးသတ်ခေါ် ယူမှုပြုလုပ်နိုင်မှာပါ။