လာမယ့်ရာသီသစ်မှာ ရိုးမားအသင်းကို ကိုင်တွယ်ဖို့ ရောမလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ နည်းပြမော်ရင်ဟိုကို ရိုးမားပရိသတ်တွေက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက စပါးနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်မှာ နည်းပြဖွန်ဆီကာနနဲ့လမ်းခွဲခဲ့တဲ့ ရိုးမားအသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ ရောမမြို့ကို ရောက်ရှိလာတဲ့ မော်ရင်ဟိုကို ရောမပရိသတ်တွေက လေဆိပ်အပြင် အိုလံပီကိုကွင်းနဲ့ လေ့ကျင့်ရေးကွင်းရှေ့တွေမှာ ထောင်နဲ့ချီပြီး လာရောက် ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။