#Local_News
Published 12 July 2025
▪️ ဂျပန်နိုင်ငံတွင် ပညာသင်ဆုဖြင့် ကျောင်းတက်ရောက်ချင်သူများအတွက် MEXT Scholarship 2026ကို လျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ အဆိုပါ ပညာသင်ဆုကို Hokkaido University ကပေးအပ်ခြင်းဖြစ်ပြီး ထောက်ပံ့ ကြေးအပြည့်အဝ (Fully Funded) ရရှိမည်ဖြစ်ကြောင်း ၊ ပညာသင်ဆုကို ဂျပန်ပညာရေးဝန်ကြီးဌာန (MEXT) က ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကျောင်းလခ၊ လစဉ်ထောက်ပံ့ကြေး နှင့် လေယာဉ်လက်မှတ် အသွားအပြန်အပါအဝင် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ပညာသင်ဆုရရှိသူများသည် ဂျပန်နိုင်ငံ Hokkaido University တွင် တက်ရောက် ရမည်ဖြစ်ပြီး ဘွဲ့ကြို (Bachelor's), မဟာဘွဲ့ (Master's), ပါရဂူဘွဲ့ (Doctoral) စသည့်ဘွဲ့များကို လျှောက်ထားနိုင်ကြောင်း၊ ပညာသင်ဆုအား နိုင်ငံတကာမှပညာ အရည်အချင်းထူးချွန်သူ ကျောင်းသား တိုင်းလျှောက်ထားနိုင်ပြီးနောက်ဆုံး လျှောက်ရမယ့် ရက်ကို၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်အဖြစ်သတ်မှတ်ထားကြောင်း၊ ရရှိမည့် ထောက်ပံ့ကြေးများ (လစဉ်)မှာဘွဲ့ကြို ကျောင်းသားများမှာ တစ်လကို ယန်း ၁၁၇,၀၀၀ (နိုဝင်ဘာလမှ မတ်လအတွင်းတစ်လကို ယန်း ၁၂၀,၀၀၀)သုတေသနကျောင်းသား၊ တစ်လကို ယန်း ၁၄၃,၀၀၀ (နိုဝင်ဘာလမှ မတ်လအတွင်းတစ်လကို ယန်း ၁၄၆,၀၀၀)မဟာဘွဲ့ကျောင်းသား၊ တစ်လကို ယန်း ၁၄၄,၀၀၀ (နိုဝင်ဘာလမှ မတ်လအတွင်း တစ်လကို ယန်း ၁၄၇,၀၀၀)ပါရဂူဘွဲ့ ကျောင်းသား၊ တစ်လကို ယန်း ၁၄၅,၀၀၀ (နိုဝင်ဘာလမှ မတ်လအတွင်း တစ်လကို ယန်း ၁၄၈,၀၀၀)ရရှိမည် ဖြစ်ကြောင်း သိရသည်။
▪️ စိတ်ဝင်စားသူများအနေဖြင့် အသေးစိတ်အချက်အလက်များနှင့် လျှောက်လွှာတင်ရန် Hokkaido University ၏တရားဝင်ဝက်ဘ်ဆိုက်လင့်ခ်၌ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times