Published 26 June 2022

G7 ခေါင်းဆောင်တွေဟာ ဂျာမနီနိုင်ငံမှာ စုဝေးရောက်ရှိနေကြတဲ့အချိန်မှာ  ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ရဲ့ လူနေရပ်ကွက်တစ်ခုမှာ ဇွန် ၂၆ ရက် တနင်္ဂနွေ မနက်စောစောက  ရုရှားရဲ့ ဒုံးကျည်နှင့်ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုကြီးတွေ ဖြစ်ခဲ့ပါတယ်။

ရုရှားရဲ့ ဒုံးကျည်တွေဟာ မြို့တော်ကိဗ်က လူနေအိမ်ခန်းတွဲကြီးတစ်ခုကို ထိမှန်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် လူနှစ်ယောက်ဒဏ်ရာရခဲ့ပြီး အချို့ဟာ အပျက်အစီးပုံတွေအောက်ရောက်သွားကြပါတယ်။မနက် ၆နာရီခွဲခန့်မှာ ပေါက်ကွဲသံကြီး လေးခုကို ဆက်တိုက်ကြားခဲ့ကြရတာဖြစ်ပြီး အဲဒီနောက် လေကြောင်းအန္တရာယ်အချက်ပေးဥဩသံတွေ မြို့တော်မှာ ညံသွားခဲ့ပါတယ်။

သုံးပတ်နီးပါးခန့်အထိ တိုက်ခိုက်မှုမရှိခဲ့ပဲ  ယခုမှ ကိဗ်ကို ပထမဆုံး ပြန်လည်တိုက်ခိုက်လာတာဟာ နေတိုးထိပ်သီးအစည်းအဝေးကို နီးကပ်လာချိန် ယူကရိန်းပြည်သူတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ မြို့တော်ဝန် ဗစ်တာလီကလစ်ချ်ကိုက ပြောပါတယ်။

“ နေထိုင်သူအချို့ကိုကယ်ထုတ်ပြီးပါပြီ။ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ထားတယ်” လို့လည်း သူကပြောပါတယ်။

G7 နှင့် နေတိုးအစည်းအဝေးတွေမှာ မိန့်ခွန်းပြောမယ်လို့မျှော်လင့်ထားကြတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက လူဗျူးလိုပဲ ဝေးတဲ့ ပိုလန်နယ်စပ်အနားက မြို့တွေကို စနေနေ့က ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းရဲ့ အဓိကစက်မှုမြို့တစ်မြို့ဖြစ်တဲ့ ဆီဗာရိုဒွန်ညက်ကို ရုရှားတပ်တွေ အပြည့်အဝ သိမ်းပိုက်ခဲ့ကြောင်း အဲဒီမြို့က မြို့တော်ဝန်က ပြောဆိုအပြီး တစ်ရက်အကြာမှာ ကိဗ်မြို့ကို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

စစ်ပွဲက ငါးလထဲ ဝင်လာတဲ့အလျောက် အဲဒီမြို့ကို သိမ်းပိုက်လိုက်နိုင်တာဟာ မော်စကိုအတွက် အရေးကြီးတဲ့ မဟာဗျူဟာမြောက် အောင်ပွဲတစ်ခုအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်လို့သတင်းမှာဖော်ပြထားပါတယ်။

Source AFP