Published 24 May 2022

လေးပြည်ထောင်အဖွဲ့ Quad ဟာ အာရှပစိဖိတ်ဒေသမှာ လာမယ့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ ဘီလျံရင်းနှီးမြှပ်နှံ မှုတွေလုပ်သွားမယ်လို့ အဲဒီအဖွဲ့ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်ကျင်းပပေးတဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ကီရှီဒါက မေ ၂၄ရက် အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အဲဒီ ၅၀ဘီလျံဒေါ်လာ ရင်းနှီးမြှပ်နှံမှုကို အာရှပစိဖိတ်ဒေသ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

“ အခြေခံအဆောက်အအုံကဏ္ဍမှာ ကျွန်တော်တို့ဟာ အင်ဒိုပစိဖိတ်ဒေသရဲ့ စီမံကိန်းတွေကို ပံ့ပိုးပေးဖို့အတွက် လာမယ့် ငါးနှစ်အတွင်း  အမေရိကန်ဒေါ်လာ ၅၀ဘီလျံကျော် ရင်းနှီးမြှပ်နှံဖို့ ရည်ရွယ်ထားပါတယ်” လို့  တိုကျိုမှာကျင်းပတဲ့ လေးပြည်ထောင်အဖွဲ့လို့ဆိုတဲ့ ဂျပန်၊အမေရိကန်၊အိန္ဒိယနှင့် ဩစတြေလျလေးနိုင်ငံအဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Source AFP