Published 24 May 2022

ထရမ့်အစိုးရလက်ထက်က အကောက်ခွန်ကောက်ခံခဲ့တဲ့ တရုတ်ပစ္စည်းတွေကို  အခွန်ကောက်ခံမှု ပြန်ရုပ်သိမ်းပေးဖို့ သူစဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ယခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်တော် ဒါကို စဉ်းစားနေတယ်။ ဒီကုန်ပစ္စည်းတွေကို ကျွန်တော်တို့ အကောက်ခွန်ကောက်ခဲ့တာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အစိုးရလုပ်ခဲ့တာ။ အဲဒါကို ကျွန်တော်တို့ စဉ်းစားနေတယ်” လို့ ဘိုင်ဒင်ကပြောပါတယ်။

၂၀၁၈ခုနှစ်မှာ ထရမ့်အစိုးရက တရုတ်ကုန်ပစ္စည်းတွေကို စတင်အခွန်ကောက်ခဲ့တာပါ။ တရုတ်က အမေရိကန်ကိုတင်ပို့တဲ့ ပစ္စည်းအားလုံးရဲ့ သုံးပုံနှစ်ပုံကို အမေရိကန်က သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်က ရေးသားပါတယ်။

အမေရိကန်ရဲ့ငွေကြေးဖောင်းပွမှုတွေရှိနေတဲ့ကြားထဲတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယီလင်က အချို့သော ကုန်ပစ္စည်းတွေကို အကောက်ခွန်ပြန်ရုပ်သိမ်းပေးဖို့ စဉ်းစားနေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားအပြီး ယခုသတင်းထပ်မံ ထွက်ပေါ်လာတာဖြစ်ပါတယ်။

၂၀၂၂ခုနှစ်မတ်လမှာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုဟာ ၄၁နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့တယ်လို့ Insider က ယခင် သတင်းရေးသားခဲ့ပြီးဖြစ်ပါတယ်။

မေ၁၈ရက် ဂျာမနီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်အစိုးရက တရုတ်ပစ္စည်းတွေ အခွန်စည်းကြပ်ခဲ့တာကို ဝန်ကြီးယီလင်က အပြစ်တင် ဝေဖန်ခဲ့ပါတယ်။

“ တရုတ်ရဲ့ မမျှတတဲ့ကုန်သွယ်ရေးလက်တွေ့လုပ်ဆောင်မှုတွေကို လက်စားချေတဲ့အနေနှင့် သမ္မတထရမ့်က  အချို့ကုန် ပစ္စည်းတွေကို အခွန်စည်းကြပ်ခဲ့တယ်လို့ ကျွန်မအရင်ကပြောပြီးပါပြီ။ ကျွန်မအတွက်တေ့ ဒီလိုအခွန်ကောက်တာဟာ စားသုံး  သူတွေနှင့် စီးပွားရေးလုပ်ငန်းတွေကို ပိုထိခိုက်စေတယ်လို့ ထင်မိပါတယ်” လို့သူမက ပြောပါတယ်။

တရုတ်နှင့်ကျွန်မတို့ဖြစ်နေတဲ့ တကယ့် ပြဿနာတွေနှင့် လက်ရှိအခွန်စည်းကြပ်မှုတွေက သိပ်ပြီး မဟာဗျူဟာမကျဘူးလို့ ကျွန်မထင်တယ် လို့ သူမကပြောပါတယ်။

အမေရိကန်ကို သူပြန်ရောက်တဲ့အခါ ယီလင်ကို အဲဒီအခွန်ကိစ္စပြောမယ်လို့ ဘိုင်ဒင်က တိုကျို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Source Insider