Published 1 may 2022

ရီးယဲလ်မက်ဒရစ်အသင်းဟာ ၃၅ကြိမ်မြောက် လာလီဂါဆုဖလားကြီးကို ဧပြီ ၃၀ရက် စနေနေ့ ဆွတ်ခူးသွားပါတယ်။ Espanyol အသင်းကို လေးဂိုး-ဂိုးမရှိနှင့် အနိုင်ယူပြီး ဗိုလ်စွဲသွားတာဖြစ်ပြီး ဒါဟာ နည်းပြ “ကာလို အန်ဆက်လိုတီ”ကို အဓိက ဥရောပလိဒ်ငါးခုစလုံးအနိုင်ရသွားတဲ့ ပထမဆုံးနည်းပြ ဖြစ်သွားစေခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ ကစားကွင်းထဲက ပရိဿတ်ပေါင်း ရှစ်သောင်းနီးပါးရှေ့မှောက်မှာ ဆုဖလားကြီးကိုလက်ခံခဲ့တာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်အောင်ပွဲနှင့်အတူ ပျော်ရွှင်စွာ အောင်ပွဲခံနေကြတဲ့ ပရိဿတ်တွေရဲ့ မြင်ကွင်းတွေကို ရုပ်သံအဖြစ် စုစည်းဖော်ပြပေးလိုက်ပါတယ်။

Source AFP