Published 1 May 2022

အွန်လိုင်း ပစ္စည်းပို့ဆောင်ပေးသူ(ယာဉ်မောင်း)တွေဟာ အိမ်ပေါက်ဝအထိ မှာယူတဲ့ ပစ္စည်းတွေ ပို့ဆောင်ပေးတဲ့အခါ စိန်ခေါ်မှုတွေ အများကြီးနှင့်ကြုံနေကြရပါတယ်။ အချိန်တွေရှည်ကြာတာ၊အလုပ်တွေပိတာ၊လုံခြုံရေးပူပန်ရတာ၊ရန်စောင်တဲ့ ဝယ်သူတွေ၊ ပြီးတော့ ပုလင်းထဲမှာပဲ အပေါ့သွားကြရတာတွေ...။

အခု သူတို့မှာနောက်ထပ်စိန်ခေါ်မှုတစ်ခုရှိလာနေကြပြန်ပါတယ်။ သူတို့ထဲက တော်တော်များများမှာ ဖြစ်နေကြရတာပါ။ ပစ္စည်းမှာသူတွေက သူတို့ကိုအသုံးချပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ views တွေနှင့် likes တွေများများရအောင်လုပ်နေကြ တာတွေဖြစ်ပါသတဲ့..။

အွန်လိုင်း ပစ္စည်းပို့တဲ့(ယာဉ်မောင်း)သူတွေ(၅)ဦးမှာ (၁)ဦးနီးပါးဟာ ပစ္စည်းမှာသူတွေရဲ့ အသုံးချခြင်းခံနေကြရပါတယ်။ သူတို့ကို တစ်တော့ ဒါမှမဟုတ် အခြားဆိုရှယ်မီဒီယာတွေမှာ challenge လုပ်ဖို့ trend လုပ်ဖို့ သုံးနေကြတာဖြစ်တယ်လို့  ပစ္စည်းပို့သူယာဉ်မေင်းတွေအတွက် လမ်းကြောင်းစီစဉ်တဲ့ ဆော့ဖ်ဝဲပြုလုပ်တဲ့ Circuit ကုမ္ပဏီရဲ့ လတ်တလော စစ်တမ်းအရ သိရပါတယ်။

အဲဒီလေ့လာမှုစစ်တမ်းကို အမေရိကန်ပြည်ထောင်စုက ပစ္စည်းပို့ယာဉ်မောင်း ၈၄၈ဦးနှင့်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲက ၄၀၉ ဦးဟာ အစားအသောက်ပို့သူများဖြစ်ပြီး ကျန်၄၃၉ ဦးကတော့ အခြားပစ္စည်းတွေပေးပို့ကြတာပါ။

လေ့လာမှုအရ ပစ္စည်းပို့သူတွေအားလုံးရဲ့ ၁၄.၃ ရာခိုင်နှုန်းဟာ လက်တွေ့မကျတဲ့ ပစ္စည်းပို့ဆောင်ဖို့တောင်ခံမှု အများကြီးနှင့် ကြုံနေကြရပါတယ်။ ၁၂.၇ ရာခိုင်နှုန်းဟာ သူတို့ပစ္စည်းအားလုံးကို အချိန်အတိုင်းမပေးပို့နိုင်တာနှင့်ကြုံကြရတယ်လို့ သိရပါတယ်။

ပစ္စည်းမှာသူတွေက ပစ္စည်းပို့သူတွေကို တစ်တော့ခ်ကပေးဖို့ နှင့် ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ချင်လို့ တစ်ခုခုလုပ်ပေးဖို့ အကူအညီ တောင်းတာတွေကြောင့် နေ့စဉ် မှာသူတွေဆီ အချိန်မီရောက်ဖို့ အလျင်စလိုဖြစ်နေကြရတဲ့ သူတို့ အတော်များများဟာ အချိန်ဇယားတွေ နှောင့်နှေးတာမျိုးကြုံနေကြရတယ်လို့ဆိုပါတယ်။အထူးသဖြင့် ကပ်ဘေးကာလအတွင်း အွန်လိုင်းကနေ ဈေးဝယ်တာတွေများလာတဲ့အခါမျိုးမှာ သူတို့ရဲ့နေ့စဉ်အလုပ်တွေက ပိုပိုပိလာနေတာဖြစ်ပါတယ်။

ပစ္စည်းမှာသူတွေက သူတို့ အွန်လိုင်းမှာတင်ဖို့အတွက် အမေဇုန်ရဲ့ ပစ္စည်းပို့ယာဉ်မောင်းတွေကို အိမ်ရဲ့ လုံခြုံရေးကင်မရာရှေ့မှာ တစ်တော့် ကပေးခိုင်းတာတွေ ပိုပိုများလာတယ်လို့ VICE က ဖေဖော်ဝါရီလတုန်းက သတင်းဖော်ပြခဲ့ပါတယ်။အွန်လိုင်းဗွီဒီယိုတစ်ခုမှာဆိုရင် ပစ္စည်းပို့သူတစ်ဦးဟာ  "Teach Me How to Dougie” နှင့်ကပေးနေရပါတယ်။ အမေဇုန်ရဲ့ တရားဝင်တစ်တော့ခ်အကောင့်က အဲဒါကို "Poppin' and lockin' while box droppin.'လို့ အသံအနေအသံထားနှင့်ပို့စ်တင်ခဲ့ပါတယ်။

Source Insider