Published 31 March 2022

ကမ္ဘာ့အကြီးဆုံး အပျော်စီးလျှပ်စစ်သင်္ဘော the Yangtze River Three Gorges 1ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ  ယီချန်တွင် ပွဲဦးထွက်အဖြစ် အင်္ဂါနေ့က စတင်ခုတ်မောင်းခဲ့ပါတယ်။

အဲဒီလျှပ်စစ်သင်္ဘောဟာ ၇၅၀၀ ကီလိုဝပ်နာရီစွမ်းအားရှိတဲ့ အကြီးဆုံးပါဝါဘက်ထရီနှင့်ခုတ်မောင်းတာဖြစ်ပြီး အဲဒီစွမ်းအားဟာ လျှပ်စစ်ကားအစီးရေ ၁၀၀ကျော်အတွက် စွမ်းအားနှင့် ညီမျှပါတယ်။

သင်္ဘောဟာ အားတစ်ကြိမ်သွင်းထားပါက ၁၀၀ကီလိုမီတာ အထိခုတ်မောင်းနိုင်ပြီး တစ်နှစ်တာမှာ လောင်စာ ၅၃၀တန်ကို ချွေတာနိုင်ပြီး အဆိပ်ရှိဓာတ်ငွေ့တွေထုတ်လုပ်မှုတွေကို ၁၆၆၀တန်အထိ လျှော့ချနိုင်ပါတယ်။ အဲဒါကြောင့်  ၂၀၃၀အရောက်မှာ ကာဘွန် ထုတ်လုပ်မှုကို အမြင့်ဆုံးလျှော့ချပစ်ဖို့ တရုတ်နိုင်ငံရဲ့ ရည်မှန်းလုပ်ဆောင်နေမှုမှာ သိသာစွာအကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။

လျှပ်စစ်သင်္ဘောဟာ ၁၀၀မီတာအလျားရှိပြီး ဗြက်အနေနှင့် ၁၆.၂မီတာရှိပါတယ်။ ခရီးသည် ၁၃၀၀ တင်ဆောင်နိုင်ပြီး ယီချန်မြို့အနီးက ယန်စီမြစ်တစ်လျောက် ရှုခင်းကြည့်ခရီးစဉ်တွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Source CMG