#Local_News
Published_30 January 2023
ချင်းရွှေဟော်နယ်စပ်ကနေ တရုတ်နိုင်ငံကို ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားတဲ့ ကြံတန်ချိန် (၁) သိန်း (၆) သောင်းခန့်ကို တင်ပို့သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
#DailyNews
Published_ 30 January 2023
၁။ တရုတ်သို့ ဘိန်းအစားထိုး ကြံတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့မည်
၂။ တရုတ်နိုင်ငံဘက်သို့ အခြားတိုင်းနှင့်ဒေသမှ လာရောက်မည့်သူများအတွက် BorderPass စာအုပ်ပြုလုပ်ပေးရန် ညှိနှိုင်းနေ
၃။ မုန်တိုင်းငယ်အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးရွာပြီး ညပိုင်းအေးနိုင်
၄။ ကမ်းခြေမရှိသော ဘရာဇီးလ်ဆော်ပေါ်လိုမြို့တွင် ကမ်းခြေတုသောင်ပြင်ကစားနည်းများ ခေတ်စားနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
#Local_News
Published_30 January 2023
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
Published 31 January 2023
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆင်းကျန်းဝိဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အက်ဆူစီရင်စု၊ ရှာယာခရိုင်မှာ ဇန်နဝါရီ ၃၀ရက် တနင်္လာနေ့ ဒေသစံတော်ချိန် မနက်၇နာရီ ၄၉မိနစ်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ရှားသွားပါတယ်။ ငလျင်ကြောင့် အခုထက်ထိ ထိခိုက်သေဆုံးသူမရှိသေးဘူးလို့ တရုတ်နိုင်ငံ ငလျင်ကွန်ယက်စင်တာက သတင်းထုတ်ပြန် ပါတယ်။
ငလျင်ဟာ အနက် ၅၀ကီလိုမီတာကနေ လှုပ်ရှားသွားတာဖြစ်ပြီး လူနေထူထပ်မှုမရှိတဲ့ ရှာယာခရိုင်က ၁၄၁ကီလိုမီတာအကွာ အယ်လားမြို့မှာ ဗဟိုပြုလှုပ်ရှားခဲ့တာပါ။
ငလျင်လှုပ်ရှားရာနေရာကို ယာဉ်၁၅စီးနှင့် ကယ်ဆယ်ရေးသမား ၇၀ တို့ရောက်ရှိနေကြပါတယ်။ လျှပ်စစ်ဖြန့်ဖြးရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေးတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောပါတယ်။
ဆင်းကျန်းရထားဌာနကလည်း ရထားလမ်းတစ်လျောက် ရထားလမ်းတွေ၊တံတားတွေ၊ဥမင်လှိုဏ်ခေါင်းတွေနင့် အချက်ပြစနစ်တွေ ပျက်စီးခဲ့မှုရှိမရှိ စစ်ဆေးလျက်ရှိနေတယ်လို့ CCTV ကသတင်းပေးပို့ပါတယ်။
Source: CCTV+
#Xinjiang_Uygur_earthquakes
#China_ Xinjiang_Uygur_earthquakes
#China
.
- Category: China_Myanmar
Published 29 January 2023
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ်စတန်ပြည်နယ်က လျှိုတစ်ခုအတွင်း ဇန်နဝါရီ ၂၉ ရက်က ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၄၁ ဦးသေဆုံးခဲ့ရပါတယ်။
ဘတ်စ်ကားတိမ်းမှောက်ရာနေရာက ကားရဲ့အပျက်အစီးကြားထဲမှ အလောင်း ၄၀ ကို တွေ့ရှိခဲ့ရပြီး ဒဏ်ရာရသူ (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကယ်ထုတ်ပြီးသိပ်မကြာခင်သေဆုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ (၂)ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဟာ ယန္တယားအကြီးစားတွေသုံးပြီး လိမ်ကောက်နေတဲ့ သတ္တုတွေအတွင်းက လောင်ကျွမ်းနေတဲ့ အလောင်းတွေကို ထုတ်ယူနေကြပါတယ်။ ဘတ်စ်ကားဟာ ဆီပုံးတွေသယ်လာတဲ့အတွက် လျှိုထဲကျသွားတာနှင့် မီးချက်ခြင်းထလောင်တာဖြစ်တယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဘတ်စ်ကားဟာ လူ၄၈ ဦးတင်ဆောင်လာတာဖြစ်ပြီး တံတားတိုင်နှင့်တိုက်မိပြီး လျှိုထဲပြုတ်ကျခဲ့တာဖြစ်ပါတယ်။
Source :AFP
#Bus_crash_Pakistan
#Bus_plunged_off_bridge
#Pakistan_Bus_transport
- Category: World
#TV Yangon Times Matters အစီအစဉ်
Published - 29 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဝင်းမင်းခန့်၊တင်အောင်ခိုင်၊ဉာဏ်လင်းထွန်း(လူငယ်ဘာသာပြန်စာရေးဆရာ)တို့နှင့်အတူ
-"(ဝင်းမင်းခန့်) ဘာသာပြန်ဝတ္ထုတွေရေးဖို့ တစ်ရက်ကို အချိန်၈နာရီ ဘာသာပြန်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိမှာ"ကမ္ဘာပျက်ကပ်ထဲမှမှော်ဧကရာဇ်"ဆိုတဲ့တရုတ်ပြည်မှာပြသနေဆဲဖြစ်တဲ့ စီးရီးတွဲကို ဘာသာပြန်ဖြစ်နေတယ်ဆိုတဲ့အကြောင်း
-(တင်အောင်ခိုင်) ပထမဆုံးစာအုပ်"နတ်ဘုရားတို့၏ဘုရင် "အမည်ရှိစာအုပ်တွင်အပိုင်း (၁၅၈၃) ပိုင်းပါဝင်ပြီး ဘာသာပြန်ဖို့တစ်နှစ်ခွဲ နှစ်နှစ်နီးပါးကြာမြင်ခဲ့ပြီး ယခုတတိယမြောက်စာအုပ်ကို ဘာသာပြန်ဖြစ်နေပြီဆိုတဲ့အကြောင်း
-(ဉာဏ်လင်းထွန်း) ဘာသာပြန်စရေးတုန်းက ပရိသတ်လည်းနည်းသလို ဝင်ငွေလည်းမရခဲ့တာတွေရှိခဲ့တယ် ဝါသနာတဲ့ထပ်တူကျတဲ့အလုပ်ဖြစ်လို့ ကျေနပ်မိတယ်၂နှစ်အတွင်း တိုးတက်မှုတွေရှိခဲ့ကြောင်း ကိုယ့်ကိုထောက်ပြပေးတဲ့သူတွေဆီကနေ သင်ယူခဲ့ရတာတွေရှိကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
- Category: Myanmar
#Local_News
Published _29 January 2023
ဟောင်ကောင်သင်္ဘောနစ်မြုပ်တဲ့အထဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့မြန်မာသင်္ဘောသားတွေ အာမခံကြေးရဖို့ကိစ္စကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် MSF က ကူညီဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar