#Local_News
Published_ 29 April 2024


▪️ အလယ်တန်း‌အောင်၊ အထက်တန်းအောင်မြင်သူ များအတွက်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ပထမဦးဆုံးအကြိမ်အဖြစ်ကိုရီးယား ဘာသာစကားသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ အသက်(၁၈)နှစ်နှင့်အသက် ၃၅ နှစ်အောက်  အလယ်တန်း အောင်မြင်ထားသူ အမျိုးသားများနှင့်အထက်တန်းအောင်မြင်သူအမျိုးသမီးများ လျှောက်ထားတက်ရောက်နိုင်မည်ဖြစ်သည်။

 

▪️ သင်တန်းကို(၃၀.၄.၂၀၂၄) မှ (၉.၅.၂၀၂၄) ရက်အထိလျှောက်ထားနိုင်ပြီး(၁၁.၅.၂၀၂၄ ) ရက်နေ့တွင်သင်တန်းစတင် ဖွင့်လှစ်ကာ(၆)လတက် ရောက်ရမည်ဟုဆိုသည်။

 

▪️ သင်တန်းကာလ ၆ လ၊ သင်တန်းကြေး၃ သိန်းသတ်မှတ်ထားပြီးသင်တန်းအချိန်  စနေ၊ တနင်္ဂနွေ ၂ ရက်နေ့လည် ၁ နာရီမှ ၄ နာရီ အထိတက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ သင်တန်းတက်ရောက်ရန်စိတ်ဝင်စားသူများ နိုင်ငံခြားဘာသာတက္ကသိုလ်၊ သင်တန်းရေးရာဌာနသို့ ဆက်သွယ်ကာ လျှောက်လွှာပုံစံများထုတ်ယူပြီးလျှောက်ထားနိုင်ကြောင်း သိရသည်။

 

#tthl #Yangon_Times