Published 31 January 2023

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆင်းကျန်းဝိဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အက်ဆူစီရင်စု၊ ရှာယာခရိုင်မှာ   ဇန်နဝါရီ ၃၀ရက် တနင်္လာနေ့ ဒေသစံတော်ချိန် မနက်၇နာရီ ၄၉မိနစ်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ရှားသွားပါတယ်။ ငလျင်ကြောင့် အခုထက်ထိ ထိခိုက်သေဆုံးသူမရှိသေးဘူးလို့ တရုတ်နိုင်ငံ ငလျင်ကွန်ယက်စင်တာက သတင်းထုတ်ပြန် ပါတယ်။

ငလျင်ဟာ အနက် ၅၀ကီလိုမီတာကနေ လှုပ်ရှားသွားတာဖြစ်ပြီး လူနေထူထပ်မှုမရှိတဲ့ ရှာယာခရိုင်က ၁၄၁ကီလိုမီတာအကွာ အယ်လားမြို့မှာ  ဗဟိုပြုလှုပ်ရှားခဲ့တာပါ။

ငလျင်လှုပ်ရှားရာနေရာကို ယာဉ်၁၅စီးနှင့် ကယ်ဆယ်ရေးသမား ၇၀ တို့ရောက်ရှိနေကြပါတယ်။ လျှပ်စစ်ဖြန့်ဖြးရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေးတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောပါတယ်။

ဆင်းကျန်းရထားဌာနကလည်း ရထားလမ်းတစ်လျောက် ရထားလမ်းတွေ၊တံတားတွေ၊ဥမင်လှိုဏ်ခေါင်းတွေနင့် အချက်ပြစနစ်တွေ ပျက်စီးခဲ့မှုရှိမရှိ စစ်ဆေးလျက်ရှိနေတယ်လို့ CCTV ကသတင်းပေးပို့ပါတယ်။

Source: CCTV+

#Xinjiang_Uygur_earthquakes

#China_ Xinjiang_Uygur_earthquakes

#China

.