#Asia_Development
Published 14 March 2023
တရုတ်နိုင်ငံက စိမ်းလန်းစိုပြေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးတဲ့နေရာမှာ ရေအားလျှပ်စစ်က အရေးကြီးတဲ့အရင်းအမြစ်တစ်ခု ဖြစ်လာပါတယ်။
#Local_News #Asia_Development #ကမ္ဘာ့ဒုတိယအကြီးဆုံး #ရေအားလျှပ်စစ် #YMG #Yangon_Media_Group
- Category: Myanmar
#Local_News
Published_ 14 March 2023
ရန်ကုန်တိုင်းအတွင်း ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းက စားအုန်းဆီတစ်ပိဿာလက်ကားဈေး ၄၆၃၅ ဖြင့် ယခုသတင်းပတ်အတွင်း ဈေးကွက်ပေါက်ဈေးဖွင့်လှစ်ထားပါတယ်။
#Local_News #စားသုံးဆီ #ဖြန့်ဖြူးနေ
#YMG #Yangon_Media_Group
- Category: Myanmar
#Local_News
Published_ 14 March 2023
မတ် ၁၄ ရက်နေ့ ရန်ကုန်တိုင်းရွှေအသင်းရဲ့သတ်မှတ်ဈေးနှုန်းဟာ ၂၂ သိန်းကျော် သတ်မှတ်ထားပေမယ့် ပြင်ပရွှေပေါက်ဈေးကတော့၂၈ သိန်း ၇ သောင်းကျော်ပေါက်ဈေးရှိနေတယ်လို့ ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
#Local_News #ရန်ကုန် #ရည်ညွန်းသတ်မှတ်ဈေး # ပြင်ပရွှေပေါက်ဈေး #Gold #YMG #Yangon_Media_Group
- Category: Myanmar
#Local_News
Published_ 14 March 2023
ရွှေတိဂုံစေတီတော်ကြီးအတွက် ရွှေစင်ရွှေပြားရွှေသင်္ကန်းတော်နဲ့ငွေသားအလှူတွေ လှူဒါန်းတဲ့အလှူရှင်တွေလစဉ်ရှိနေတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီ #ရွှေစင်ရွှေပြား #ဂုဏ်ပြုလွှာပေးအပ် #YMG #Yangon_Media_Group
- Category: Myanmar
#DailyNews
Published_ 14 March 2023
၁။ ရွှေတိဂုံစေတီတော်အတွက် လစဉ်ရွှေစင်ရွှေပြားနှင့်ငွေသားအလှူရှင်များရှိနေ၊ မေလတွင်ဂုဏ်ပြုလွှာပေး အပ်ပွဲပြုလုပ်မည်ဟုဆို
၂။ ရန်ကုန်ရွှေအသင်း ရည်ညွန်းသတ်မှတ်ဈေး ၂၂ သိန်းကျော်သတ်မှတ်ထား ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၇ သောင်းပေါက်ဈေးရှိနေ
၃။ လက်ကားစားသုံးဆီဈေး တစ်ပိဿာ ၄၆၃၅ ကျပ်ဈေးနှင့် ဖြန့်ဖြူးနေ
၄။ ဓာတ်အားထုတ်လုပ်မှုအရ ကမ္ဘာ့ဒုတိယအကြီးဆုံးရေအားလျှပ်စစ်စခန်း တရုတ်တွင်အပြည့်အဝလည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
- Category: Myanmar
#Local_News
Published_ 14 March 2023
၂၀၂၄ ဇန်နဝါရီလလောက်မှာ ဒလတံတားအပြီး တည်ဆောက်မယ်ဆိုတဲ့ သတင်းများကြောင့် ဒလမြေဈေးများ မြင့်တက်နေပြီး ဒလမြို့ရဲ့ကျေးရွာမြေဈေးများလည်းမြင့်တက်နေတယ်လို့ ဒေသခံတွေက YMG ကို ပြောပါတယ်။
#Local_News #ဒလ #ကျေးရွာမြေ #မြင့်တက်
#YMG #Yangon_Media_Group
- Category: Myanmar
#Local_News
Published-14 March 2023
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) တည်ဆောက်ရေး စီမံကိန်းအဆင့်မြှင့်တင်မှုကြောင့် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်ကို ယခုရက်ပိုင်းအတွင်း အချို့နေ့ရက်များတွင် ခေတ္တပိတ်ထားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။
ဒလတံတားတည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိယက်မများ တပ်ဆင်ချိန်၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်းလမ်းနှင့် အလုံမြို့နယ် စံပယ်လမ်းထိပ်ကြား အပိုင်းအား မတ် ၁၈၊ ၁၉၊ ၂၃၊ ၂၅၊၂၆၊၂၇ ရက်တို့တွင် ခေတ္တပိတ်ထားမည်ဟု ကြေညာထားသည်။
ယာယီလမ်းပိတ်ထားစဉ်အတွင်း ဆိပ်ကမ်းတံတားများသို့ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ ကုန်သေတ္တာယာဉ်များ အနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကို အသုံးပြု၍ ဝင်/ထွက် သွားလာကြရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အသိပေးထားသည်။
မြန်မာ- ကိုရီးယားချစ်ကြည်ရေး ( ဒလတံတား ) တည်ဆောက်နေမှုမှာ ၅၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်မည်ဟု ပြီးခဲ့သည့်လက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ymg/ppk #Local_News #တံတားစီမံကိန်း #ခေတ္တပိတ်ထား #YMG
#Yangon_Media_Group
- Category: Myanmar