#Local_News
Published-14 March 2023

 

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) တည်ဆောက်ရေး စီမံကိန်းအဆင့်မြှင့်တင်မှုကြောင့် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်ကို ယခုရက်ပိုင်းအတွင်း အချို့နေ့ရက်များတွင် ခေတ္တပိတ်ထားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ဒလတံတားတည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိယက်မများ တပ်ဆင်ချိန်၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်းလမ်းနှင့် အလုံမြို့နယ် စံပယ်လမ်းထိပ်ကြား အပိုင်းအား မတ် ၁၈၊ ၁၉၊ ၂၃၊ ၂၅၊၂၆၊၂၇ ရက်တို့တွင် ခေတ္တပိတ်ထားမည်ဟု ကြေညာထားသည်။

 

ယာယီလမ်းပိတ်ထားစဉ်အတွင်း ဆိပ်ကမ်းတံတားများသို့ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ ကုန်သေတ္တာယာဉ်များ အနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကို အသုံးပြု၍ ဝင်/ထွက် သွားလာကြရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အသိပေးထားသည်။

 

မြန်မာ- ကိုရီးယားချစ်ကြည်ရေး ( ဒလတံတား ) တည်ဆောက်နေမှုမှာ ၅၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်မည်ဟု ပြီးခဲ့သည့်လက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ymg/ppk #Local_News #တံတားစီမံကိန်း #ခေတ္တပိတ်ထား #YMG
#Yangon_Media_Group