Published 6 March 2022
စင်္ကာပူနိုင်ငံက ယူကရိန်းမှာဆက်လက်ဖြစ်ပွားနေတဲ့ မော်စကိုရဲ့ စစ်ဆင်ရေးတွေကြောင့် ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ဖို့ ဆုံးဖြတ်ကြောင်းကြေညာခဲ့ပါတယ်။
အရေးယူပိတ်ဆို့မှုမှာ စင်္ကာပူက လက်နက်အဖြစ်အသုံးပြုလို့ရမယ့် ပစ္စည်းအမျိုးအစားတွေကို တင်ပို့မှုထိန်းချုပ်မှာဖြစ်ပြီး အချို့သောရုရှားဘဏ်တွေနှင့် ရုရှားနှင့်ချိတ်ဆက်ငွေကြေးလွှဲပြောင်းပေးပို့မှုတွေကိုလည်းပိတ်ပင်သွားတာတွေပါဝင်ပါတယ်။
ဒါပေမယ့် ဒီပိတ်ဆို့အရေးယူမှုဟာ ရုရှားအပေါ် သက်ရောက်မှု အကန့်အသတ်ပဲရှိလိမ့်မယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
Source CCTV Plus
- Category: Business
- Category: Myanmar
- Category: Myanmar
Published 6 march 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ပိုလန်နှင့်ယူကရိန်းနယ်စပ်ကို သွားရောက်ပြီး ညီညွတ်မှုကို ပြသတဲ့အနေနှင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလေဘာနှင့်တွေ့ဆုံခဲ့ပါတယ်။ ရုရှားက အနောက်နိုင်ငံလိုလားတဲ့ အိမ်နီးချင်းယူကရိန်းကို ကျုးကျော်ဝင်ရောက်ပြီး (၁၀)ရက်အကြာမှာ သူတို့နှစ်ဦးနယ်စပ်မှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။
“ဒီဖိအားတွေက ဆက်ပေးနေရုံတင်မကဘူး ဒီစစ်ပွဲနှင့် စစ်ပွဲရွေးချယ်မှု အဆုံးသတ်သွားတဲ့အထိ တိုးမြှင့်ပြီးတော့လည်း ပေးနေဦးမယ်”
အန်တိုနီဘလင်ကန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
“ကျွန်တော်တိုနှင့်အတူ တကယ့်ကို နေပေးတဲ့ ရပ်တည်ပေးတဲ့ မိတ်ဆွေတွေ ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သရုပ်သကန်ပြလိုက်တာဖြစ်ပြီး အဲဒါကို ယူကရိန်းပြည်သူတွေ မြင်တွေ့ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
ဒီမီထရို ကူလေဘာ
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး
Source AFP
- Category: World
Published 5 March 2022
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အရပ်သားတွေကို စစ်တပ်ဝိုင်းထားတဲ့ မာရီယူပူးလ်ဆိပ်ကမ်းမြို့နှင့် ဗိုလိုနိုဗာခါမြို့တွေ ကနေ ကယ်ထုတ်နိုင်ဖို့ အပစ်အခတ်ရပ်ပေးမယ်လို့ကြေညာခဲ့ပြီးနောက် မာရီယူပူးလ်မြို့တော်ဝန် ဘွိင်ချင်ကိုက ကယ်ထုတ်တဲ့လုပ်ငန်းတွေ GMT (၉)နာရီမှာစတင်မယ်လို့ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမြို့တော်ကိဗ်ရဲ့ဆင်ခြေဖုံးက အိုင်ပင်မြို့ကလေးက အရပ်သားတွေကို စစ်သားတွေရဲ့အကူအညီနှင့် ပြင်ပကို ကယ်ထုတ်နေကြပါတယ်။
Source AFP
- Category: World
#WorldFinance
Published 05 March 2022
ယခုဖေဖော်ဝါရီလအတွင်း တူရကီနိုင်ငံမှာ ငွေကြေးဖောင်းပွမှု ၅၄.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ၂၀၀၂ ခုနှစ် ဧပရယ်လ်လနောက်ပိုင်းကတည်းက အမြင့်ဆုံးငွေကြေးဖောင်းပွမှုဖြစ်လာခဲ့ပါတယ်။
#Yangon_Media_Group
- Category: World
Published 5 March 2022
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့က ရှီအိုက်ဗလီတစ်ခုအတွင်း မတ်(၄)ရက်သောကြာနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၅၆)ဦးသေဆုံးခဲ့ရပြီး ၁၉၄ဦးကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုဟာ ၂၀၁၈ခုနှစ်နောက်ပိုင်းမှာ ကြောက်မက်ဖွယ်ရာအကောင်းဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုဟာ သူတို့လက်ချက်လို့ အစ္စလမ်မစ်နိုင်ငံတော် (အိုင်အက်စ်)အုပ်စုကပြောပါတယ်။ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲ မစတင်မီကလေးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အတွင်းခန်းတွေ အစိတ်စိတ်အမွှာမွှာပျက်စီးကုန်ပြီး မှန်ကွဲတွေဟာ လမ်းပေါ်ကို လွင့်စင်ကျပြီး ပြန့်ကျဲသွားရပါတယ်။
Source AFP
- Category: World