Published 6 march 2022

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ပိုလန်နှင့်ယူကရိန်းနယ်စပ်ကို သွားရောက်ပြီး ညီညွတ်မှုကို    ပြသတဲ့အနေနှင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလေဘာနှင့်တွေ့ဆုံခဲ့ပါတယ်။ ရုရှားက အနောက်နိုင်ငံလိုလားတဲ့ အိမ်နီးချင်းယူကရိန်းကို ကျုးကျော်ဝင်ရောက်ပြီး (၁၀)ရက်အကြာမှာ သူတို့နှစ်ဦးနယ်စပ်မှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။

“ဒီဖိအားတွေက ဆက်ပေးနေရုံတင်မကဘူး ဒီစစ်ပွဲနှင့် စစ်ပွဲရွေးချယ်မှု အဆုံးသတ်သွားတဲ့အထိ တိုးမြှင့်ပြီးတော့လည်း ပေးနေဦးမယ်”

အန်တိုနီဘလင်ကန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး

“ကျွန်တော်တိုနှင့်အတူ တကယ့်ကို နေပေးတဲ့ ရပ်တည်ပေးတဲ့ မိတ်ဆွေတွေ ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သရုပ်သကန်ပြလိုက်တာဖြစ်ပြီး အဲဒါကို ယူကရိန်းပြည်သူတွေ မြင်တွေ့ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”

ဒီမီထရို ကူလေဘာ

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး

Source AFP