#WorldHealth
Published - 06 March 2022
ရောဂါပိုးဗိုင်းရပ်စ်တွေကို တိုက်ခိုက်ပေးတဲ့တီဆဲလ်တွေကို ပြုပြင်လိုက်ခြင်းဖြင့် ကိုယ်ခံအားတုန့်ပြန်မှုလျော့ကျစေသည့်ဆေးများ သောက်သုံးနေရတဲ့လူနာတွေဟာ ကိုဗစ်ရောဂါကိုကာကွယ်‌ပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်တဲ့လူတွေမှာ ခန္ဓာကိုယ်က အင်္ဂါအသစ်ကိုလက်မခံတာမျိုးမဖြစ်ပွားအောင် ကိုယ်ခံအားတုန့်ပြန်မှုလျော့ကျစေတဲ့ဆေးတွေကို သောက်သုံးရတာဖြစ်ပါတယ်။

ဂျာမနီသုတေသီတို့ ရဲ့တွေ့ရှိချက်မှာ ကိုဗစ်ရောဂါကူးစက်ဖူးသူတွေရဲ့တီဆဲလ်တွေဟာ ဗိုင်းရပ်စ်ပိုးကိုမှတ်မိသိရှိပြီး ဝင်လာတဲ့အခါတိုက်ခိုက်ပေးပါတယ်။
အဆိုပါတီဆဲလ်တွေကို မျိုးဗီဇပြုပြင်မှုပြုလုပ်လိုက်ပါက အတွင်းအင်္ဂါအစားထိုးခွဲစိတ်မှုတွေမှာအသုံးများတဲ့ တာခရိုလီမက်စ်ဆေးတွေကို ခံနိုင်ရည်ရှိလာမှာဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ တာခရိုလီမက်စ်ဆေးဖြင့်ကုသခြင်းက ပြုပြင်ထားတဲ့တီဆဲလ်တွေရဲ့ဂုဏ်သတ္တိကို အဟန့်အတားမဖြစ်စေဘဲ ကိုရိုနာဗိုင်းရပ်စ်ကို သိရှိတိုက်ခိုက်နိုင်တာကို တွေ့ရှိရပါတယ်။

သုတေသီတွေက တာခရိုလီမက်စ်ဆေးကိုခံနိုင်ရည်ရှိတဲ့ တီဆဲလ်များဖြင့် လူသားတွေမှာစမ်းသပ်သွားဖို စီစဉ်နေကြပါတယ်။

"ဒီနည်းလမ်းဖြင့် ကိုယ်ခံအားတုန့်ပြန်မှုလျော့ကျစေသည့်ဆေးများ သုံးစွဲနေရတဲ့လူတွေမှာ တီဆဲလ်တွေက SARS-CoV-2 ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်" လို့ ဘာလင်ကျန်းမာရေးတက္ကသိုလ်မှ 'မိုက်ကယ်ရှမွတ်ခ်ဟန်နာရက်ဆယ်'က ပြောပြပါတယ်။

"တာခရိုလီမက်စ်ဆေးကို တီဆဲလ်ခံနိုင်ရည်ရှိအောင်ပြုလုပ်ခြင်းနည်းလမ်းကနေ အခြားကိုယ်ခံအားတုန့်ပြန်မှုလျော့ကျစေသည့်ဆေးအမျိုးမျိုးနဲ့ ဗိုင်းရပ်စ်တွေကို ခံနိုင်အောင် ပြောင်းလဲလုပ်ဆောင်နိုင်မှာဖြစ်ပြီး အခြားနေရာများစွာမှာလည်း အသုံးပြုနိုင်စေမှာဖြစ်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။.
#Yangon_Media_Group