Published 5 March 2022

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အရပ်သားတွေကို စစ်တပ်ဝိုင်းထားတဲ့ မာရီယူပူးလ်ဆိပ်ကမ်းမြို့နှင့် ဗိုလိုနိုဗာခါမြို့တွေ ကနေ ကယ်ထုတ်နိုင်ဖို့ အပစ်အခတ်ရပ်ပေးမယ်လို့ကြေညာခဲ့ပြီးနောက် မာရီယူပူးလ်မြို့တော်ဝန် ဘွိင်ချင်ကိုက ကယ်ထုတ်တဲ့လုပ်ငန်းတွေ GMT (၉)နာရီမှာစတင်မယ်လို့ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမြို့တော်ကိဗ်ရဲ့ဆင်ခြေဖုံးက အိုင်ပင်မြို့ကလေးက အရပ်သားတွေကို စစ်သားတွေရဲ့အကူအညီနှင့် ပြင်ပကို ကယ်ထုတ်နေကြပါတယ်။

Source AFP