Published - 7 Feb 2022

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား များအား ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က အကြိမ် (၉၀) မြောက်ကယ်ဆယ်ရေးအဖြစ်  မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ဖြင့် စင်ကာပူနိုင်ငံမှရန်ကုန်မြို့သို့ ပြန်လည် ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့လာရောက်စဉ် COVID-19 ကြောင့် ပိတ်မိနေသူ များ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ရပ်နားခြင်း ခံထားရသူများ၊ သင်္ဘောသားများနှင့် မြန်မာနိုင်ငံရှိ မိသားစုများထံ အလည်အပတ်ပြန်ကြသူများ အပါအဝင် စုစုပေါင်း (၁၀၈) ဦး လိုက်ပါသွားပါတယ်။

လိုက်ပါသည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေး  မြန်မာသံရုံးမှတာဝန်ရှိသူများက လေဆိပ်တွင်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ymg/mnn