#Published -7 Feb 2022

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဘန်မိုဂရက်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရသောသုတဗုဒ္ဓ၊ စစ်ကိုင်းတိပိဋကဆရာတော် အနေနဲ့ ကျန်းမာရေးစိုးရိမ်ရအခြေအနေနဲ့ဆေးကုသမှုခံယူနေရတယ်လို့ တပည့်သံဃာတွေရဲ့ပြောကြားချက်အရသိရပါတယ်။

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋက​ကောဝိဒ အပါအဝင် (၄၇)ဘွဲ့ရ ဆရာ​တော် ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ အရှင်သူမြတ်သည် သက်​တော်(၄၂)နှစ်၊ သိက္ခာ​တော်(၂၂)ဝါ၊ ၁၃၈၃-ခုနှစ်၊ တပို့တွဲလဆန်း(၇)ရက်၊ယနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်​ကောက် မြို့၊ ဘန်မိုဂရက်ဆေးရုံတွင်ဘဝနတ်ထံ ပျံလွန်တော်မူတယ်လို့ လူမှုကွန်ယက်မှာသတင်းတွေဖော်ပြနေတာလည်းဖြစ်ပါတယ်။

လတ်တလောအနေဖြင့်ဆရာတော်မှာ ကျန်းမာရေးအခြေအနေ  ကြောင့် အထူးကြပ်မတ်ကုသနေရပြီး သတင်းမှားများမဖော်ပြရန်နှင့် ပြည်တွင်းက တပည့်သံဃာများကလည်း ဆရာတော်ကို လိုက်ပါစောင့်ရှောက်သူများနဲ့ အဆက်အသွယ်မပြတ်ပြုလုပ်နေတယ်လိုသိရပါတယ်။

စစ်ကိုင်းတိပိဋကဆရာတော်ဟာ ချဉ်ဆီအစားထိုးကုသရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်၌ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်သွားခဲ့ပြီး ဆေးဝါးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

ymg/hm