#Published -7 Feb 2022

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဘန်မိုဂရက်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရသောသုတဗုဒ္ဓ၊ စစ်ကိုင်းတိပိဋကဆရာတော် မှာယနေ့ ညနေ ၆နာရီ ၁၉မိနှစ်အချိန်တွင်

အဆိုပါဆေးရုံကြီးတွင်  ဘဝနတ်နန်းစံမြန်းတော်မူသွားပြီလို့သတင်းအတည်ပြုချက်ရရှိပါတယ်။

ယနေ့ညနေ၅နာရီ၁၀မိနစ်တွင် YMG ကဆက်သွယ်မေးမြန်းရာတွင် စိုးရိမ်ရတဲ့အခြေအနေတွင်ရှိနေတယ်လို့ သိခဲ့ရာမှ ယခု ဘဝနတ်ထံပျံလွန်တော်မူသွားရတာဖြစ်ပါတယ်။

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋက​ကောဝိဒ အပါအဝင် (၄၇)ဘွဲ့ရ ဆရာ​တော် ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ အရှင်သူမြတ်သည် သက်​တော်(၄၂)နှစ်၊ သိက္ခာ​တော်(၂၂)ဝါ၊ ၁၃၈၃-ခုနှစ်၊ တပို့တွဲလဆန်း(၇)ရက်၊ယနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်​ကောက် မြို့၊ ဘန်မိုဂရက်ဆေးရုံတွင်ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိပိဋကဆရာတော်ဟာ ချဉ်ဆီအစားထိုးကုသရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်၌ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်သွားခဲ့ပြီး ဆေးဝါးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

ymg/hm