Published: 7 December 2021

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ဖနွမ်းပင်မြို့တော်မှာရှိတဲ့ ငြိမ်းချမ်းရေးအိမ်တော်မှာ မြန်မာနစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တွေ့ဆုံခဲ့တယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ လာမယ့် ၂၀၂၂နှစ်မှာ အာဆီယံအဖွဲ့ကြီးရဲ့ အလှည်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ပြည်တွင်းအခမ်းအနားတစ်ခုမှာ ဝန်ကြီးချုပ်ဟွန်ဆန်က နစက နိုင်ငံခြားရေးဝန်ကြီးကို သူဖိတ်ခေါ်ထားလို့ ဒီဇင်ဘာ၆ရက်နှင့်၇ရက်မှာ လာရောက်လိမ့်မယ်လို့ ပြောကြားခဲ့အပြီး ဦးဝဏ္ဏမောင်လွင် ဖနွမ်းပင်ကိုရောက်ရှိလာတာဖြစ်ပါတယ်။

အဲဒီ့အပြင် ဟွန်ဆန်က သူမြန်မာနိုင်ငံကိုသွားရောက်ဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်းပြောပါတယ်။

ဦးဝဏ္ဏမောင်လွင်ရဲ့ ယခုခရီးစဉ်အတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို လာရောက်မယ့်အစီအစဉ်တွေ ဆွေးနွေးအတည်ပြုလိမ့်မယ်လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ထင်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်း မြန်မာ့ပြည်တွင်ရေးအကျပ်အတည်းဖြေရှင်းရေးနှင့်ပတ်သက်ပြီး သံတမန်ရေးရာအရ ကြိုးပမ်းမှုတွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ကွဲပြားမှုတွေဖြစ်နေကြတယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ လတ်တလော တုန့်ပြန်ဆောင်ရွက်မှုတွေကို မြန်မာ့အရေးကိစ္စ ဖြေရှင်းပေးဖို့ ချည်းကပ်မှုအသစ်တစ်ခုအဖြစ်ရှုမြင်သူတွေလည်းရှိနေကြပါတယ်။

 

Ref and Photo: Reuters