#LocalNews

Published - 7 Dec 2021

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ လက်နက်ခဲယမ်းများနှင့် လက်လုပ်မိုင်းများ ဖမ်းဆီးရမိ
တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ မွန်ဆရီးကျေးရွာနေ စောစိုးပိုင်ဦး(ခ)အကျ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်ရေချိုးခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂၀ သိန်း)၊ RETAY (PT 26) အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅၃ တောင့်၊ PPC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၂ လုံး နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ ယင်းနေ့ ၅ နာရီ ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ စောစံစီးဖိုးလမ်းတွင် စောစံစီးဖိုးလမ်းအတိုင်း အရှေ့မှ အနောက်သို့ စောခင်မောင်၀င်း(ခ)ကာလု မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ ၁၈း၃၀ အချိန် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ ရသဝေါ် (ကွက်သစ်) ကျေးရွာရှိ စောခင်မောင်၀င်း(ခ)ကာလု ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၂ သိန်း) အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ လက်နက်ခဲယမ်းများနှင့် စပ်လျဉ်း၍ စောစိုးပိုင်ဦး(ခ) အကျ(၃၈)နှစ်အား ထုံးအိုင်နယ်မြေရဲစခန်းတွင်လည်းကောင်း၊ စောခင်မောင်၀င်း(ခ)ကာလု(၃၆)နှစ်အား ဘားအံ မြို့မရဲစခန်းတွင်လည်းကောင်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိ
တယ်လို့ သိရပါတယ်။

#Yangon_Media_Group