၁၄ ဧပြီ ၂၀၂၄

မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဏပ်အနီးတွင် ဗုံးဖောက်ခွဲခဲ့သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ပြင်းထန်စွာအရေး  ယူမယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။ မြန်မာ့ ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ ဖြစ်ခဲ့တဲ့ အဆိုပါ ဗုံးဖောက်ခွဲမှုအပေါ်ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန် သတိပေးလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေကို ယခုထက်ပိုမိုစောင့်ကြည့်ပြီး ပိုမိုနှိမ်နှင်းသွားမယ်လို့ သူက ဆက်လက်ပြောဆိုလိုက်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူတွေကိုလည်း အထူးဝမ်းနည်း ကြေကွဲရတယ်လို့ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားချက် အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။

@ymg/knl