Published_14 April 2024
မန္တလေး ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်စဉ် ၂ ခုတွင် ကလေး(၅)ဦးနှင့်လူကြီး(၇)ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
ယနေ့ သင်္ကြန်အကျနေ့တွင် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊မန်းစည်ပင်ရုံးအနီး ၇၁ လမ်းနှင့်၂၇လမ်း ထောင့်၊၇၁လမ်း(၂၇×၂၈)လမ်းကြားတို့တွင် ဗုံးပေါက်ကွဲမှု များ ဖြစ်ပွားခဲ့၍ ကလေး(၅)ဦးနှင့်လူကြီး(၇)ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က ချမ်း အေးသာစံမြို့နယ်၊မန်းစည်ပင်ရုံး အနီး၇၁လမ်း နှင့်၂၇လမ်းထောင့် ရှိ ဆိုင်ကယ်အပ်နှံရာ နေရာတွင် ရပ်နားထားရှိသော (အမျိုးအစား/နံပါတ်) စိစစ်ဆဲ ဆိုင်ကယ်အတွင်းမှ ပေါက် ကွဲမှု ဖြစ် ပွားခဲ့သောကြောင့် အမျိုးသား ၆ ဦးနှင့်အမျိုးသမီး၂ ဦး၊ စုစု ပေါင်း ၈ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အလူးတူ နံနက် ၁၀နာရီ ခွဲခန့်ကလည်း ၇၁လမ်း(၂၇×၂၈) လမ်းကြားရှိ ဆိုင်ကယ်အပ် နှံရာနေရာတွင် ဆိုင်ကယ်အတွင်းမှ ထပ်မံ၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အနီးရှိ စိစစ်ဆဲ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦး စုစု ပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအနက် အမျိုးသား(၂)ဦး စိုးရိမ်ရကြောင်းလည်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ လည်ပင်း၊ယာပါး၊ နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ ခြေထောက်မိုင်းထိဒဏ်ရာ ၊ လက်ဝဲ နား နှင့် လက် ပေါက်ပြဲဒဏ်ရာ၊လက်ယာဘက်ရင်အုံ ပေါက်ပြဲ ဒဏ်ရာ ၊မျက်နှာ ပေါက်ပြဲဒဏ်ရာ၊ခြေထောက် ပေါက်ပြဲ ဒဏ်ရာ၊ လက်ဝဲ လက်ညှိူး၊ လက်ယာ လက်ဖမိုး ပေါက်ပြဲဒဏ်ရာ၊ လက်ယာယာပါး ပေါက်ပြဲဒဏ်ရာ၊ ခြေထောက်၊ပုခုံး၊လက် စသည်တို့တွင် ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Yangon_Times /PP